ကိုယ့်ရဲ့ Crypto တွေကို Stake လုပ်ပြီး ရလာတဲ့ ပိုက်ဆံတွေကို Restake ထပ်လုပ်ပြီးတော့ ပိုက်ဆံနှစ်ဆင့်ရှာလို့ရတာကို မိတ်ဆွေတို့အနေနဲ့ သဘောကျမယ်လို့ ထင်ပါတယ်။
ဆိုလိုတာက ဥပမာဗျာ — အိမ်တစ်လုံးပိုင်ထားတယ်ဆိုပါစို့။ ဒီအိမ်ကို ငှားတဲ့အခါ အိမ်ငှားခရပါတယ်။ ဒါကို Stak လုပ်တယ်လို့ခေါ်ပါတယ်။ Restake ဆိုတာက အဲ့ဒီအိမ်က အငှားခရရင်း ဘဏ်မှာ အပေါင်ထားပြီးတော့ ချေးငွေယူတဲ့ သဘောဖြစ်သွားတာပါ။
အိမ်တစ်လုံးတည်းကနေ ဝင်ငွေလမ်းကြောင်းနှစ်ခု ရသလိုဖြစ်ပါတယ်… ကျွန်တော်တို့ရဲ့ Crypto ကိုလည်း တစ်နေရာထက်ပိုပြီးတော့ အသုံးချလို့ရပါတယ်။ အဲ့တာကို Binance Megadrop ရဲ့ 4 ခုမြောက်အနေနဲ့ မိတ်ဆက်လိုက်တဲ့ KernelDAO မှာ လုပ်လို့ရပါတယ်။ Megadrop မှာပါဝင်တဲ့ သူတွေက Airdrop ရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရလာတဲ့ Airdrop Token တွေအကုန်လုံးကို ငလျင်ဒဏ်သင့် ဒေသက သူတွေအတွက် လိုအပ်နေရာမှာ အကုန်လှူသွားမှာဖြစ်တာကြောင့် ညီကိုတို့ကိုလည်း အလှူမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
KernelDAO ဆိုတာဘာလဲ?
"KernelDAO ဆိုတာက DeFi Restaking Platform တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ Platform မှာ ကျွန်တော်တို့ရဲ့ Crypto တွေဖြစ်တဲ့ - ဥပမာ Ethereum, BNB, Bitcoin စတာတွေကိုထည့်ပြီးတော့ Restaking နဲ့ ပိုက်ဆံရှာလို့ရပါတယ်။ Restaking ဆိုတာက ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေကို ပြန်လည်အသုံးပြုပြီးတော့ Blockchain တွေရဲ့ လုံခြုံရေးပေးတဲ့နေရာမှာ ထည့်သုံးတာပါ။ အဲ့အတွက် Reward အနေနဲ့ ပိုက်ဆံထပ်ရတာပါ။
KernelDAO မှာ အဓိက Product (၃) ခုရှိပါတယ်။
1. ပထမတစ်ခုက Kernel ပါ - သူက BNB Chain မှာ လုံခြုံရေးပေးပြီး Reward ရယူတဲ့ နေရာပါ။
2. ဒုတိယတစ်ခုက Kelp ပါ - Kelp က Ethereum ကို Restake လုပ်ပြီးတော့ ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုကို “liquid cash” လိုမျိုး—လွတ်လွတ်လပ်လပ် အရောင်းအဝယ်လုပ်လို့ရတာ ဒါမှမဟုတ် တခြားနေရာတွေမှာ ဆက်သုံးလို့ရတဲ့ တိုကင်တစ်ခု ပြန်ပေးတဲ့ နည်းပညာပါဖြစ်ပါတယ်။
3. တတိယတစ်ခုက Gain ပါ - ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို အကောင်းဆုံး အကျိုးအမြတ်ရအောင် စီမံပေးတဲ့ နေရာဖြစ်ပါတယ်
ဒီပလက်ဖောင်းတွေရဲ့ Total Value Locked က လက်ရှိမှာ $2 Billion ကျော်တန်ဖိုးရှိတဲ့ Crypto တွေကို စီမံနေပြီးတော့ Ethereum, BNB Chain စတဲ့ Blockchain တွေမှာ လည်ပတ်နေပါတယ်။ User ကလည်း သိန်းနဲ့ချီရှိနေပြီမို့ တော်တော်လေး အဆင်ပြေတဲ့ Platform တစ်ခုဖြစ်ပါတယ်။"
ဘယ်လိုအလုပ်လုပ်လဲ?
- KernelDAO ရဲ့ အလုပ်လုပ်ပုံက ကျွန်တော်တို့ရဲ့ Crypto တွေကို သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ သွားထည့်ရပါတယ်။ အဲ့ Crypto တွေကို ဘလော့ချိန်းတွေရဲ့ လုံခြုံရေးအတွက် အသုံးပြုပြီး ကျွန်တော်တို့ကို Reward အနေနဲ့ ပြန်ပေးပါတယ်။
- Stake မလုပ်ချင်တော့ဘူးဆိုရင် Unstake ပြန်လုပ်ပြီးတော့ ထည့်ခဲ့တဲ့ ပမာဏအတိုင်း Crypto တွေပြန်ထုတ်လို့ရပါတယ်။ ဥပမာ - Kelp မှာ ကျွန်တော်တို့က 10 Ethereum ထည့်ရင် 10 rsETH ဆိုတဲ့ တိုကင်ပြန်ရပါတယ်။ အဲ့ဒါကို တခြား DeFi ပလက်ဖောင်းတွေမှာ သုံးပြီး Reward ထပ်ရှာလို့ရပါတယ်။ ကျွန်တော်တို့က တကယ်လို့ စိတ်ပြောင်းသွားရင် Unstake ပြန်လုပ်ပြီး ခုဏက 10 rsETH ကို 10 Ethereum အဖြစ် ပြန်ပြောင်လို့ရပါတယ်။
- Gain မှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို အလိုအလျောက် စီမံပြီး အမြတ်အကောင်းဆုံးရအောင် လုပ်ပေးပါတယ်။
ဒီထဲမှာ $KERNEL ဆိုတဲ့ တိုကင်ကလည်း အရေးကြီးပါတယ်။ $KERNEL Token ကို ကိုင်ထားတဲ့သူတွေက Ecosystem အတွင်း ဆုံးဖြတ်ချက်တွေချမှတ်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။"
KERNEL Megadrop Details
KernelDAO ရဲ့ Token Name က $KERNEL ဖြစ်ပါတယ်။ Total Token Supply နှင့် Max Token Supply က 1 Billion ပါ။ Megadrop Token Rewards အတွက်က 40 Million ကို Airdrop ပေးသွားမှာပါ။ လက်ရှိ ဈေးကွက်ထဲလည်ပတ်မယ့် Circulating Supply က 162,317,496 KERNEL ဖြစ်ပါတယ်။ Megadrop ထဲပါဝင်တဲ့သူတွေက Airdrop ရမှာဖြစ်ပါတယ်။
Binance Megadrop
Airdrop ရချင်တဲ့သူတွေက ပထမ ကိုယ့်ရဲ့ BNB တွေကို Lock လုပ်ထားရပါမယ်။ ဒီအခါ Score တွေပြန်ရမှာဖြစ်ပြီးတော့ ရက်ကြာကြာနဲ့ BNB များများ Lock လုပ်လေ Score များများရပြီး Airdrop လည်းများများရလေဖြစ်ပါတယ်။
ဒုတိယတစ်ချက်က Megadrop ကပေးထားတဲ့ Web3 Quest တွေရဲ့ Task တွေကိုလုပ်ရမှာဖြစ်ပါတယ်။ ဒီကနေလည်း Score တွေရမှာပါ။
ကျွန်တော့အနေနဲ့ ဒီ Megadrop ကနေရလာတဲ့ Airdrop Token အကုန်လုံးကို ငလျင်ဒဏ်သင့် ဒေသကသူတွေအတွက် လှူသွာမှာဖြစ်ပါတယ်။ မိတ်ဆွေတို့အားလုံးလည်း အလှူမှာပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ Binance Charity ကပေးတဲ့ $5 နှင့် ငလျှင်ဒဏ်သင့်ဒေသသူအတွက် POA ပြနိုင်ရင်ရတဲ့ $50 ကို တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ် ဘယ်လောက်ပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ အဆင်ပြေတယ်ဆိုရင် ကိုယ့်ထက်ပိုပြီး အခက်အခဲဖြစ်နေတဲ့ သူတွေကို ပြန်လှူပေးပါလို့ အကူအညီတောင်းချင်ပါတယ်။
🚀 Trading လုပ်သူတိုင်း 10% Discount ရတဲ့ Binance အကောင့်ကို အောက်က လင့်ကနေဖွင့်လို့ရပါတယ်။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0