"အခုချိန်မှာ Crypto နယ်ပယ်က blockchain ပေါင်းများစွာနဲ့ ရှုပ်ထွေးနေတာကြောင့် သာမန်လူတွေ အသုံးပြုဖို့ ခက်ခဲနေပါတယ်။ ဥပမာ —Ethereum, Binance Smart Chain, Solana စသဖြင့်ပေါ့။ အဲ့ဒီ chain တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု အားနည်းနေပါသေးတယ်။ ဒါကြောင့် user တွေအနေနဲ့ တစ်ခုချင်းစီမှာ အကောင့်ဖွင့်ရပြီး ပိုက်ဆံတွေကို သီးသန့်စီ ထည့်ရပါတယ်။ Gas Fee ကိုလည်း သတ်မှတ်ထားတဲ့ token နဲ့ပဲ ပေးရပါတယ်။ ဆိုတော့ Crypto နဲ့ မရင်းနှီးတဲ့သူတွေအတွက် အသုံးပြုရတာ အတော်လေး ခက်ခဲပါတယ်။ ဒါက Crypto ကို လူတိုင်း အလွယ်တကူ အသုံးပြုနိုင်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။"
🌎Particle Network က ဘယ်လို ဖြေရှင်းပေးမှာလဲ?
"ဒီပြဿနာကို Binance ရဲ့ 13rd ခုမြောက် HODLer Airdrop ဖြစ်တဲ့ Particle Network က 'Chain Abstraction' ဆိုတဲ့ နည်းပညာနဲ့ ဖြေရှင်းပေးဖို့ ရည်ရွယ်ထားပါတယ်။ 'Chain Abstraction' ဆိုတာက မတူညီတဲ့ blockchain တွေကို တစ်စုတစ်စည်းတည်း ချိတ်ဆက်ပြီး အကောင့်တစ်ခုတည်းနဲ့ ပိုက်ဆံအကုန်လုံးကို တစ်နေရာထဲမှာ စုပြီး သုံးလို့ရအောင်၊ ကြည့်လို့ရအောင် လုပ်ပေးထားပါတယ်။ Gas Fee ကိုလည်း ဘယ် token နဲ့မဆို ပေးလို့ရပါတယ်။ ကျွန်တော့်အမြင်အရ ဒါက Crypto ကို ပိုရိုးရှင်းလွယ်ကူစေမှာဖြစ်ပါတယ်။"
🔭Particle Network ဆိုတာ ဘာလဲ?
"Particle Network ဆိုတာက Web3 နည်းပညာကို အခြေခံထားတဲ့ မော်ဂျူလာ Layer-1 blockchain တစ်ခုဖြစ်ပါတယ်။ 2022 မှာ စတင်ခဲ့ပြီးတော့ အစပိုင်းမှာ Wallet Abstraction ဝန်ဆောင်မှုတွေကနေ စခဲ့တာပါ။ အခုဆိုရင် blockchain ပေါင်း 60 ကျော်နဲ့ ချိတ်ဆက်ထားပြီး user ပေါင်း 30 Million ကျော်ကို ဝန်ဆောင်မှု ပေးနေပြီတော့ Decentralized Application ပေါင်း 5 ထောင်ကျော် Comunity Member ပေါင်း 2 Million ကျော်နဲ့ဖွဲ့စည်းထားပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က Web3 ကို လူတိုင်း လွယ်လွယ်ကူကူ သုံးနိုင်အောင် လုပ်ပေးဖို့ပါ။"
🐷ဘယ်လို အလုပ်လုပ်လဲ?
"သူ့မှာ အဓိက Feature (၃) ခုရှိပါတယ်။ ပထမတစ်ခုက Universal Accounts ပါ - ဒါက အကောင့်တစ်ခုတည်းနဲ့ မတူညီတဲ့ blockchain တွေမှာ အလွယ်တကူ အလုပ်လုပ်ခွင့်ပေးတာပါ။ ဒုတိယက Universal Liquidity ပါ - ဒါက မတူညီတဲ့ chain တွေကပိုက်ဆံတွေကို တစ်နေရာထဲမှာ စုပြီး လွယ်လွယ်ကူကူ သုံးလို့ရအောင် လုပ်ပေးပါတယ်။ တတိယက Universal Gas ပါ - Gas Fee တွေကို သတ်မှတ်ထားတဲ့ token တစ်ခုတည်းမဟုတ်ပဲ ကိုယ်အဆင်ပြေတဲ့ ဘယ် token နဲ့မဆို ပေးလို့ရအောင် ဖန်တီးပေးပါတယ်။ ဒါကြောင့် ဘယ် chain မှာ အရောင်းအဝယ် လုပ်လုပ်၊ အကုန်လုံးကို အလိုအလျောက် အဆင်ပြေစေမှာဖြစ်ပါတယ်။"
⛏ဘယ်သူတွေ သုံးနိုင်လဲ?
"အသုံးပြုချင်တယ်ဆိုရင် Particle.Network ကိုသွားပြီးတော့ Google, Facebook စတဲ့ Social အကောင့်တွေနဲ့ Login ဝင်နိုင်သလို Web3 Wallet တွေနဲ့လည်းရပါတယ်။ Google အကောင့်နဲ့ဆိုရင် Phase Key တွေကိုမှတ်ထားစရာမလိုတော့တာကြောင့် ကျွန်တော့်အတွက်က တော်တော့်ကိုမှအဆင်ပြေပါတယ်။ အကောင့်ဖွင့်ပြီးရင် Blockchain ပေါင်း 60 ကျော်ကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ၊ လုံလုံခြုံခြုံ သုံးလို့ရပြီဖြစ်ပါတယ်။"
🛍HODLer Airdrop မှာဘယ်လိုပါဝင်မလဲ
ကျွန်တော်တို့အနေနဲ့ HODLer Airdrop ကနေ Airdrop ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတော့ BNB တွေကို Earn ထဲမှာ Flexible ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် 2025-03-07 00:00 (UTC) ကနေ 2025-03-11 23:59 (UTC) ရက်နေ့အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရမှာပါ။ မိတ်ဆွေအနေနဲ့ Airdrop ဘယ်လောက်ရတာလဲ ဆိုတာကို Comment မှာရေးခဲ့ပေးပါဦးနော်။
Particle Network ရဲ့ Token Name က $PARTI ဖြစ်ပါတယ်။ Genesis Total Token Supply နှင့် Max Token Supply က 1 Billion ပါ။ HODLer Airdrops အတွက်က 30 Million ကို Airdrop ပေးသွားပါတယ်။ လတ်တလောမှာ ဈေးကွက်ထဲလည်ပတ်မယ့် Circulating Supply က 233 Millions ဖြစ်ပါတယ်။
🚀 Trading လုပ်သူတိုင်း 10% Discount ရတဲ့ Binance အကောင့်ကို အောက်က လင့်ကနေဖွင့်လို့ရပါတယ်။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0