Binance Launchpool ပေါ်မှာ project အသစ်တခု မိတ်ဆက်ထားပါတယ်။ အခုနောက်ပိုင်းမှာ Binance ဟာ security နဲ့ ပတ်သက်တဲ့ project အတော်များများကို list လုပ်ဖို့ မိတ်ဆက်လာတာကိုလည်း တွေ့ရပါတယ်။ အခု မိတ်ဆက်လာတဲ့ Nillion ဟာလည်း blockchain ပေါ်က security နဲ့ data privacy တွေကို အာရုံစိုက်ထားတဲ့ decentralized network တခုဖြစ်ပြီး privacy ကိုလည်း ထိန်းသိမ်းပေးထားရင်း data တွေ သိမ်းဆည်းတွက်ချက်လို့ရနိုင်ဖို့ ဖန်တီးထားတာပါ။
.
Nillion network မှာ အဓိကမီးမောင်းထိုးပြထားတဲ့အရာကတော့ NMC (Nil Message Compute) ဆိုတဲ့ နည်းပညာဖြစ်ပြီး NMC ဟာ decentralized network တခုလုံးပေါ်က data တွေကို သူ့အကန့်နဲ့သူ ပြန်သိမ်းဆည်းတာ၊ ဖြန့်ဝေပေးတာ၊ တွက်ချက်ပေးတာတွေကို decrypt လုပ်စရာမလိုဘဲ လုပ်ပေးနိုင်ပါတယ်။ ပုံမှန်ဆိုရင် encrypt - ဝှက်စာနဲ့ကာကွယ်ပြီးသားအခြေအနေကို decrypt - ဝှက်စာပြန်ဖြေပြီးတော့မှ data တွေအပြောင်းအလဲလုပ်ကြတာဖြစ်ပေမယ့် NMC ကတော့ decrypt လုပ်တဲ့အဆင့်ကို မသွားဘဲ encrypt လုပ်ထားတဲ့ data တွေကိုပဲ အပြန်အလှန်ပို့လို့ရနိုင်အောင် ဖန်တီးထားပါတယ်။
.
နောက်တခုကတော့ အိမ်မွေးတိရစ္ဆာန်မဟုတ်တဲ့ PETs (Privacy Enhancing Technologies) ပါ။ PETs ဟာလည်း NMC ကို ထောက်ပံ့ပေးထားတဲ့ နည်းပညာပဲဖြစ်ပြီး ထိလွယ်ရှလွယ်ပြီး လျှို့ဝှက်ထားရမယ့် တန်ဖိုးကြီး data တွေကို အမြင့်ဆုံး cryptography လုံခြုံရေးစံနှုန်းတွေနဲ့ သိမ်းဆည်းပေးထားနိုင်ပါတယ်။
.
တဖန် အခုနောက်ပိုင်း project တို့ရဲ့ ထုံးစံအတိုင်း AI အငွေ့အသက်လေးလည်း မပါမဖြစ် ဖြည့်စွက်ထားပါသေးတယ်။ nilAI ဆိုတဲ့ feature ကတော့ AI model တွေကို လေ့ကျင့်ပေးရာမှာ data တွေကို ပိုပြီးလုံလုံခြုံခြုံ၊ သိုသိုသိပ်သိပ် လေ့ကျင့်ပေးလို့ရနိုင်မှာဖြစ်ပြီး personal AI app တွေအတွက်ပါ လေ့ကျင့်ပေးလို့ရနိုင်မှာပါ။
အချုပ်ဆိုရရင်တော့ Nillion network ပေါ်မှာ ရှိသမျှ အရာရာတိုင်းကို data လုံခြုံရေးသည်သာ ပထမဆိုတဲ့ မူဝါဒနဲ့ ဖန်တီးထားတာဖြစ်ပြီး ဒီအချက်ကပဲ decentralized ဖက်ခြမ်းမှာ Nillion တမူထူးခြားနေစေတာပါ။
.
လောလောဆယ်မှာတော့ Nillion ကို decentralized private storage တွေ၊ လျှို့ဝှက် AI model training တွေနဲ့ DePIN (Decentralized Physical Infrastructure Network) တွေရဲ့ နောက်ကွယ်က data တွေကို လုံခြုံအောင် ထိန်းသိမ်းတဲ့နေရာတွေမှာ အသုံးပြုလို့ရနိုင်ပါတယ်။
.
Nillion ရဲ့ funding အနေနဲ့ကတော့ $20 million အထိ ရရှိထားပြီး HashKey Capital နဲ့ Big Brain Holdings တို့လို လုပ်ငန်းစုကြီးတွေက အဓိကပါဝင်ထောက်ပံ့ထားပါတယ်။ အခု Binance Launchpool ပေါ်မှာ မိတ်ဆက်ထားတဲ့ NIL ကတော့ Nillion ရဲ့ native token ဖြစ်ပြီး native token တို့ရဲ့ ထုံးစံအတိုင်းပဲ Nillion network ပေါ်မှာ ဘာလုပ်လုပ် NIL နဲ့ ပေးချေလို့ရနိုင်မှာပါ။
.
Tokenomic
NIL ရဲ့ total supply ကတော့ 1 billion ရှိပြီး tokenomics တွေအနေနဲ့
Binance Launchpool အတွက် 6%
Core Contributor တွေအတွက် 20%
အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေအတွက် 21%
Community အတွက် 20%
Ecosystem နဲ့ သုတေသနလုပ်ငန်းတွေအတွက် 29%
Protocol development အတွက် 10% စီ အသီးသီး သတ်မှတ်ထားပါတယ်။
.
Binance Launchpool ပေါ်မှာကတော့ 2025 ခုနှစ် March လ 21 ရက်နေ့ မနက် 6 နာရီခွဲကနေ စလို့ March လ 23 ရက်နေ့ မနက် 6 နာရီခွဲအထိ BNB၊ USDC နဲ့ FDUSD တို့ကို stake ပြီး NIL token တွေ farm လို့ရနိုင်မှာဖြစ်ပါတယ်။
.
Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 28,000,000 NIL အထိ ပါဝင်ပြီးတော့ FDUSD နဲ့ USDC pool ထဲမှာတော့ 3,500,000 NIL စီ အသီးသီးပါဝင်ပါတယ်။
.
ဒါကြောင့် BNB တွေ stake ပြီး farm ရင်တော့ BNB ပမာဏများရင်များသလို တစ်နာရီကို 38,888 NIL အထိ အများဆုံးရနိုင်မှာဖြစ်ပြီး FDUSD၊ USDC တို့နဲ့ farm ရင်တော့ တစ်နာရီကို 4,861 NIL အထိ အများဆုံးရနိုင်ပါတယ်။
.
March လ 23 ရက်နေ့ 7 နာရီခွဲမှာတော့ NIL ကို Binance Spot မှာ list သွားမှာဖြစ်ပြီး pre-market စောင့်နေစရာ မလိုတော့ပါဘူး။
.
လုံခြုံရေးဟာ အသက်တမျှအရေးကြီးတဲ့ crypto နယ်ပယ်မှာ data လုံခြုံရေးကို အသားပေးထားတဲ့ crypto project တွေဟာလည်း နောက်ပိုင်းမှာ အလားအလာကောင်းတွေ ရှိတာကြောင့် Nillion network ဟာ စောင့်ကြည့်သင့်တဲ့ project တွေထဲက တခုလည်း ဖြစ်နိုင်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL