Binance Alpha

မကြာသေးခင်တုန်းက Binance ဟာ Binance Alpha ဆိုတဲ့ platform တခုကို မိတ်ဆက်ခဲ့ပါတယ်။ Crypto သဘောနဲ့ ပြောရမယ်ဆိုရင်တော့ Alpha project တွေ ဟာ ကျောက်ရိုင်းတုံးလေးတွေလိုမျိုးပါပဲ။ အလားအလာရှိတယ်ဆိုပြီး သတ်မှတ်ခံထားရတယ်၊ ဒါပေမယ့် တကယ်တမ်း ကျောက်အောင်သလိုမျိုး အောင်မြင်သွားမလား၊ မအောင်မြင်ဘဲ ကျန်နေမလားဆိုတာကိုတော့ လုံးဝဥဿုံ အတိအကျကြီးပြောမရပြန်ပါဘူး။

.

Binance Alpha ဟာလည်း အလားအလာရှိတဲ့ project တွေကို Binance Team ဖက်ကနေ ရွေးထုတ်ပေးထားတာဖြစ်ပြီး နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ ထွက်လာနေတဲ့ crypto token တွေအများကြီးထဲကနေ ကောင်းမယ််ထင်တာလေးတွေ ရွေးဝယ်လို့ရနိုင်မယ့်သဘောပါပဲ။

.

Crypto project တွေ ရွေးချယ်တဲ့နေရာမှာ community ရဲ့ စိတ်ဝင်စားမှု ဘယ်လောက်ရှိနေလဲ၊ project ရဲ့ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေ၊ crypto ecosystem ထဲက trend တွေနဲ့ ကိုက်ညီ၊ မညီဆိုတာတွေအပေါ်မှာ အခြေတည် စဉ်းစားရွေးချယ်ထားတာဖြစ်ကြောင်း Binance ဖက်က ဆိုထားပါတယ်။ ဒါ့အပြင် ဒီ token တွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေဖြစ်တဲ့ tokenomics တွေ၊ အသုံးဝင်ပုံတွေကိုလည်း တနေရာတည်းမှာ ဖတ်လို့ရနိုင်အောင် စီစဉ်ပေးထားပါတယ်။

Binance Alpha ဆိုတာဘာလဲ?

Binance Alpha ထဲက project တွေရဲ့ token တွေကို ဝယ်ချင်တယ်ဆိုရင်လည်း ဝယ်လို့ရနိုင်အောင် DEX (Decentralized Exchange) တွေနဲ့ ချိတ်ဆက် စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် Binance Alpha ထဲက token တွေကို ဝယ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေတော့ ရှိပါတယ်။

.

Binance Alpha ပေါ်က token တွေဟာ Binance Team ဖက်က ရွေးချယ်ပေးထားတာဖြစ်ပေမယ့် Binance Exchange ပေါ်မှာ list မယ်ဆိုပြီး အာမခံထားတာမျိုးတော့ မဟုတ်ပါဘူး။

Binance လို CEX တွေမှာ မဟုတ်ဘဲ DEX တွေပေါ်ကနေတဆင့် trade ရမှာဖြစ်တဲ့အတွက် liquidity ပြဿနာတွေလည်း ရှိလာနိုင်ပြီး ဈေးအတက်အကျပိုကြမ်းတာမျိုးတွေ၊ project တွေက token အကန့်အသတ်နဲ့သာ ထုတ်ရောင်းတဲ့အခါ လိုချင်သလောက် token မရနိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

.

ဒါ့အပြင် Binance ဖက်က ဒီ token တွေနဲ့ project တွေဟာ အလားအလာရှိတယ်လို့ သတ်မှတ်ထားတာသာဖြစ်ပြီး token ရဲ့ ရှေ့ဆက်သွားရာလမ်းဟာ သက်ဆိုင်ရာ project ကိုယ်တိုင် ခင်းမှရမှာဖြစ်လို့ token ဈေးအတက်အကျတွေ၊ project ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို Binance ဖက်က အာမ,မခံပေးထားတာကြောင့် ထုံးစံအတိုင်း DYOR - ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။

ဘယ်လိုသုံးလို့ ရမလဲ?

Binance Alpha နဲ့ပတ်သက်တဲ့ Step by Step guide ကိုတော့ တပုံချင်းစီထောက်ပြီး ဖတ်လို့ရနိုင်ပါတယ်။

Binance Alpha ကို သွားဖို့ အရင်ဆုံး Binance Wallet ထဲကိုသွားရပါမယ်
ပြီးရင် Alpha ဆိုတာကို နှိပ်လိုက်ပါ
ပြီးရင်တော့ ကိုယ်ဝယ်မယ့် Project Details တွေကို ကြည့်နိုင်ပါတယ်
Project/Coin တခုချင်းဆီရဲ့ စျေးကိုလည်း Chart အနေနဲ့ ကြည့်နိုင်ပါတယ်
ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ကိုယ်ကြိုက်တဲ့ ပမာဏကို ပြထားသလိုမျိုး ကိုယ့် wallet ထဲက coin တွေနဲ့ လှဲလှယ်နိုင်ပါတယ်


Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

#BinanceAlpha