Nillion Network ဆိုတာက Blockchain ပေါ်မှာ Security နဲ့ Data Privacy ကို အဓိကထားပြီး ဖန်တီးထားတဲ့ Decentralized Network တစ်ခုပါ။ ဒီ Network က Data တွေကို လုံခြုံစွာ သိမ်းဆည်းနိုင်ဖို့ နဲ့  Blind Computationလုပ်ဖို့ အတွက် ဒီဇိုင်းဆွဲထားတာပါ။ ဒါအပြင် Privacy-Preserving AI, DeSci, နဲ့ Web3 applications တွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍကလည်း ပါဝင်နေပါတယ် ။

NIL ကို အဓိကအားဖြင့် Transaction Fees, Node Operators အတွက် Incentives, Governance, နဲ့ Privacy-Preserving AI တွေမှာလည်း သုံးကြပါတယ် ။NIL က Decentralized, Privacy-Preserving Computation အတွက် ပထမဆုံး token တစ်ခုဖြစ်ပြီး၊ AI နဲ့ Web3 တိုးတက်ရေးအတွက် အရေးပါတဲ့ data security နဲ့ private computation ကို အာမခံပေးပါတယ်။ Meta AI နဲ့ institutional backers တွေလို ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အတူ အားကောင်းတဲ့ ecosystem adoption ရှိပါတယ်။

ထူးခြားချက်ကတော့ NMC (Nil Message Compute) ဆိုတဲ့ နည်းပညာကို အသုံးပြုထားတာပါ။ ဒီ NMC ဟာ Decentralized Network ပေါ်မှာ Data တွေကို အလိုအလျောက် ခွဲထုတ်တာ ၊ သိမ်းဆည်းတာ ၊ ပြန်ဖြန့်ဝေတာတွေ လုပ်ပြီးတော့ တွက်ချက်ပေးနိုင်တဲ့ စနစ်ပါ။ နောက်တချက်က
Encryption လုပ်ထားတဲ့ Dataတွေကို Decrypt မလုပ်ဘဲ တိုက်ရိုက် တွက်ချက်လို့လည်း ရပါတယ် ။ 

ပုံမှန်ဆိုရင် Encryptionနဲ့ Data ကို ဝှက်စာဖြေပြီး  Decryption လုပ်ပြီးမှတွက်ချက်လို့ရပါတယ် ။NMC ဆိုရင် Decrypt မလုပ်ဘဲ Blind Computation တိုက်ရိုက် လုပ်လို့ရပါတယ် ။ 

  ဒါကြောင့် NIL က token တစ်ခုဆိုတာထက်ပိုပါတယ် ။Security နဲ့ Privacy ကို ပိုမိုကောင်းမွန်စေတဲ့ နည်းပညာတစ်ခုလည်းဖြစ်ပါတယ် ။ဒါဟာ crypto, AI, နဲ့ private computation ရဲ့ နောက်မျိုးဆက်သစ်တွေအတွက် တွန်းအား တစ်ခုလို့ကို  ဆိုနိုင်ပါတယ် ။

NIL ရဲ့ total supply က 1 billion ရှိပါတယ်။ Tokenomics အနေနဲ့ကတော့ 
- Binance Launchpool အတွက် 6% 
- Core Contributor တွေအတွက် 20% 
- အစောပိုင်း Investor တွေအတွက် 21% 
- Community အတွက် 20% 
- Ecosystem နဲ့ သုတေသနတွေအတွက် 29% 
- Protocol Development အတွက် 10% ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ 

Binance Launchpool မှာဆိုရင် 2025 ခုနှစ်၊ မတ်လ 21 ရက်နေ့၊ မနက် 6 နာရီခွဲကနေ စပြီး မတ်လ 23 ရက်နေ့၊ မနက် 6 နာရီခွဲအထိ BNB, USDC, နဲ့ FDUSD တို့ကို stake လုပ်ပြီး NIL token တွေ farm လုပ်လို့ရမှာပါ။