Binance မှာ Airdrop တစ်ခု ထပ်ပေးလိုက်ပြီ။ ဒီတစ်ခေါက်က MyShell ဆိုတဲ့ AI project ပါ။ AI project လို့ ကြားလိုက်တာနဲ့ developer တွေအတွက်ပဲ ဖြစ်မယ်လို့ ထင်နိုင်ပေမဲ့ MyShell ကတော့ သာမန် user တွေ လည်း ပါဝင်နိုင်တဲ့ decentralized platform တစ်ခုပဲဖြစ်ပါတယ်။ ဒီမှာ AI model အမျိုးမျိုး ကို တစ်နေရာတည်းမှာ တွေ့နိုင်မှာပါ။ Developer တွေနဲ့ User တွေ အတူတကွ အသုံးပြုနိုင်တဲ့ စွယ်စုံပလက်ဖောင်း တစ်ခုဆိုလည်း မမှားပါဘူး။
MyShell မှာလက်ရှိ user 5 million ကျော် ရှိပြီး၊ creator 200,000 ဝန်းကျင် ရှိပါပြီ။ AI agent တွေ 20,000 ကျော် ဖန်တီးပြီးဖြစ်တဲ့အတွက်၊ တချို့ creator တွေကတော့ သူတို့ရဲ့ AI agent များ မှာ တစ်လ $4,000 အထိ passive income ရနေကြတယ်။
AI နဲ့ ဝင်ငွေရှာချင်သူ တွေ့တာမျိုးနဲ့ MyShell က လေ့လာသင့်တဲ့ platform တစ်ခုပဲဖြစ်ပါတယ်။
MyShell ဟာ AI agent တွေကို ပိုမိုစွမ်းဆောင်ရည်ရှိလာစေဖို့ Text-to-Speech Model တွေ၊ Large Language Model (LLM) တွေကို တိုးချဲ့သုံးစွဲလာနေပြီ။ အဲဒီအပြင် ကိုယ့်ရဲ့ ပုံရိပ်တွေကို AI နည်းပညာနဲ့ ပြုပြင်မွမ်းမံနိုင်မယ့် Feature တွေလည်း ထပ်ထည့်လာတာကြောင့်, User တွေက AI ကို ပိုအဆင်ပြေပြေ အသုံးပြုနိုင်လာကြတာပဲ။
AI Agent ဖန်တီးသူတွေအတွက်လည်း အထူးထောက်ပံ့မှု တစ်ခုရှိပြီး, သူတို့ဖန်တီးတဲ့ AI Agent တွေကို User တွေအကြိုက်တွေ့ရင် အပေါ်မှာ မူတည်ပြီး Reward ရနိုင်မယ့်စနစ်ပါထည့်ထားတယ်။ ဒီ Reward တွေကို MyShell ရဲ့ Native Token ဖြစ်တဲ့ SHELL နဲ့ပေးမှာဖြစ်ပြီး, SHELL ကို AI Model ဝယ်ဖို့၊ AI Tools သုံးဖို့၊ ကြော်ငြာလုပ်ဖို့ အသုံးပြုလို့ရမယ်။
Development ပိုင်းမှာလည်း MyShell Team ဟာ အလွန်တက်ကြွပါတယ်။ DeepSeek V3 နဲ့ DeepSeek R1 ကို Launch ထုတ်ပြီး 4 နာရီအတွင်းမှာပဲ MyShell Platform မှာ တင်ပြနိုင်ခဲ့တာကြောင့်, User တွေက ချီးကျူးနေကြတယ်။
Funding အကြောင်းပြောရရင်တော့ MyShell ဟာ $16.6 Million အထိ ရရှိထားပြီး, Binance Labs, OKX Ventures, HashKey Capital တို့လို နာမည်ကြီး Investors တွေက ပံ့ပိုးထားပါတယ်။
SHELL ရဲ့ Total Supply က 1 Billion ဖြစ်ပြီး, Binance မှာ List ဝင်တဲ့အချိန်မှာ Circulating Supply က 270 Million ပဲရှိမှာဖြစ်ပါတယ်။
Binance HODLer Airdrop – BNB HODLers တွေ အတွက် အထူးလက်ဆောင်!
Binance ရဲ့ HODLer Airdrop ဟာ BNB ကို Simple Earn ထဲမှာ HODL ထားတဲ့ user တွေအတွက် surprise လည်း ဖြစ်ပါတယ်။ ခုတခါမှာတော့ January 14 မှ 18 ကြားမှာ BNB Simple Earn ထဲမှာ stake ထားသူတွေအတွက် SHELL token 25 million ကို airdrop ပေးခဲ့ပါတယ်။
ဒါအပြင်, Binance က SHELL token list ထားတဲ့ 6 လအကြာမှာ ထပ်မံ 25 million SHELL Airdrop ပေးမယ်လို့လည်း ကြေညာထားပါတယ်။
HODLer Airdrop ရချင်တဲ့သူတွေအတွက်
BNB ကို Simple Earn ထဲ (Flexible သို့မဟုတ် Locked Staking) ထည့်ပြီး HODL ထားလိုက်ရုံပါပဲ ။ဒါဆိုရင်
Airdrop လာတိုင်း အလိုအလျောက် အကျိုးခံစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါအပြင် Megadrop, Launchpool စတဲ့ အခြား Binance Campaign တွေကိုပါ တပြိုင်နက်အသုံးချမယ်ဆိုရင် ပိုမို အကျိုးရှိစေပါလိမ့်မယ်။
အခုတခါ SHELL မရလိုက်သူတွေအတွက်လည်း အခုတည်းက BNB တွေ HODL ထားလိုက်ပြီး နောက်ထပ် အခွင့်အရေးတွေကို လက်လွှတ်မခံနဲ့တော့နော်#SHELLAirdropOnBinance