CZ ရဲ့ ခွေးကိုလည်း အလွတ်မပေးခဲ့တဲ့ MEME အဖွဲ့
Crypto industry မှာ ဩဇာလွှမ်းမိုးနိုင်သူတဦးဖြစ်လာပြီဆိုရင် အရာရာ သတိထားလာရပါပြီ။ ပြောလိုက်တဲ့စကားလေးတခွန်းကအစ၊ တင်လိုက်တဲ့ပုံလေးတပုံကအစ ယူတတ်ရင်ယူတတ်သလို၊ တွေးတတ်ရင်တွေးသလို အဓိပ္ပါယ်တွေကအမျိုးမျိုးဖြစ်သွားနိုင်လို့ပါပဲ။
.
ဒီလိုပုဂ္ဂိုလ်တွေ တင်သမျှကို လိုရာဆွဲတွေးကျန်းမာရေး လုပ်တတ်ကြသူတွေထဲမှာ crypto industry က ထိပ်ဆုံးက ပါဝင်ပါတယ်။ နာမည်ကြီးနေတဲ့ အကြောင်းအရာတခုခုအပေါ် မူတည်ပြီး crypto token တွေ ထုတ်ရောင်းပြီး လိမ်ပြေးသွားတတ်တာမျိုးတွေလည်း အများကြီးပါ။
.
အခုလည်း Binance CEO ဟောင်းဖြစ်တဲ့ CZ ရဲ့ ခွေးနာမည်နဲ့ memecoin တွေ ထုတ်ကြပြန်ပါပြီ။ ထောင် 4 လကျခံရပြီး Binance မှာ ပါဝင်ပတ်သက်မှု မရှိတော့ပေမယ့် crypto industry တွင်းမှာ ဩဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်တဲ့ CZ ဟာ သူ့ရဲ့ ခွေးလေး “Broccoli” အကြောင်း ဇာတ်လမ်းလေးတခုကို X ပေါ်မှာ ရေးသားခဲ့ပါတယ်။
.
Dubai က တိရစ္ဆာန်ရုံပိုင်ရှင် မိတ်ဆွေတဦးလက်ဆောင်ပေးထားတဲ့ Belgian Malinois အမျိုးအစား ခွေးလေးကို Broccoli လို့ နာမည်ပေးဖြစ်ခဲ့ပုံအကြောင်းကို ရိုးရိုးရှင်းရှင်းမျှဝေခဲ့တာဖြစ်ပေမယ့် crypto bro တွေကတော့ Broccoli နာမည်ကို သုံးပြီး memecoin တွေ ထုတ်ခဲ့ပါတယ်။
.
February လ 13 ရက်နေ့တရက်အတွင်းမှာတင် Broccoli နာမည်ကို တိုက်ရိုက်ယူသုံးထားတာရော, သွယ်ဝိုက်ယူသုံးထားတာရော ပါဝင်တဲ့ memecoin ပေါင်း 300 ကျော်အထိ ပေါ်လာခဲ့ပြီး Solana ပေါ်က Broccoli memecoin တခုဆိုရင် marketcap $1.5 billion အထိကို ရောက်သွားခဲ့ပါတယ်။
.
Binance Smart Chain ပေါ်မှာ ထုတ်ထားတဲ့ Broccoli coin တခုဆိုရင်လည်း Pancake Swap DEX (Decentralized Exchange) ပေါ်မှာ trading volume $3 billion အထိ ရောက်သွားခဲ့တာကြောင့် ထုတ်တဲ့သူနဲ့ trade တဲ့သူတွေ အတိုင်အဖောက်ညီနေကြပုံပါပဲ။
.
ဒါပေမယ့် အခုလိုမျိုး နာမည်ကြီးမှုတခုကို အမှီပြုပြီး ထွက်လာတဲ့ memecoin တွေဟာ နောင်အနာဂတ်မှာ ရေရေရာရာ အသုံးချစရာနေရာမရှိတာကြောင့် ရေတိုမှာပဲ အကျိုးအမြတ်ရတာမျိုးဖြစ်နိုင်သလို ဈေးတွေပြန်ကျသွားတဲ့အခါ ပိုက်ဘောမိပြီးကျန်နေခဲ့တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် memecoin တွေ ဝယ်မယ်ဆိုရင် ကံစမ်းတဲ့အနေနဲ့၊ ထီထိုးတဲ့အနေနဲ့သာ ဝယ်ယူသင့်ပြီး ရှိတာတွေအကုန်ထည့်ပြီး သူဌေးဖြစ်၊ ခွေးဖြစ် ဝယ်ကိုင်တာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။