Blockchain နည်းပညာ သည် လက်ရှိအချိန်တွင် စီးပွားရေး၊ နည်းပညာနှင့် သွယ်ဝိုက်မှုအခြေပြုလုပ်ငန်းများတွင် အလွန်လူကြိုက်များနေသော နည်းပညာတစ်ရပ်ဖြစ်ပါသည်။ အခြေခံအားဖြင့် Blockchain သည် ဒေတာများကို တန်းစီထားသော အချုပ်အခြာမဲ့၊ လုံခြုံမှုမြင့်မားသော ကွန်ရက် တစ်ခုကို အခြေခံသည်။

Blockchain ၏ အခြေခံဖွဲ့စည်းမှု

Blockchain သည် Block များပေါင်းစည်းမှုဖြင့် တည်ဆောက်ထားပြီး၊ အပြောင်းအလဲလုံးဝမဖြစ်စေရန် cryptography နည်းပညာကိုအသုံးပြုသည်။

1. Block

တစ်ခုချင်းစီသော Block တွင် ဒေတာများ (Data)၊ Timestamp နှင့် ယခင် Block ၏ Hash တန်ဖိုးပါရှိသည်။

2. Chain

Blocks များကို ချိတ်ဆက်ထားမှုကြောင့် Chain ဖြစ်လာပြီး၊ ယခင် Block ကို reference လုပ်ထားသည့်အတွက် ဖျက်ဆီးမှု/ပြင်ဆင်မှု မဖြစ်နိုင်ပါ။

3. Decentralization

Blockchain သည် အဓိကပြုစုသူ (Central Authority) မရှိဘဲ Nodes များပေါ်တွင် ဖျံ့ဖြန့်နေသည်။

ဆရာတစ်ယောက်မဟုတ်ပါ။ မျှဝေပြီး ကြိုးစားနေသူပါ။ အမှားပါရင်‌ထောက်ပြပေးခဲ့ပါ။

#BeginnerGuide