SOLV protocol ဆိုတာဘာလဲ?
SOLV protocol ဆိုတာ ယေဘုယျအားဖြင့် Bitcoin Staking platform တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Platform ပေါ်မှာ Bitcoin တွေကို Staking လုပ်ခြင်းအားဖြင့် Staking rewards တွေ ပြန်ပေးတဲ့ Ecosystem တစ်ခုကို ချပြထားပါတယ်။ User ေတွကယခု လက်ရှိ Solv protocol မှာ 2.26Billions တန်ဖိုးရှိတဲ့ Bitcoin တွေ Staking ပြုလုပ်ထားပါတယ်။ Solv protocol အနေနဲ့ Trillion နှင့်ချီပီးတန်ကြေးရှိတဲ့ Bitcoin တွေကို သူ့Platform ပေါ်မှာ Staking လုပ်လာတဲ့အထိ Target ထားပီး Bitcoin ကို Defi Ecosystem ထဲအရောက်ပို့နေတာပဲဖြစ်ပါတယ်။
Solv protocol မှာ Bitcoin staking လုပ်ပီးရင် SolvBTC ဆိုတဲ့ အစားထိုးToken တစ်ခုပြန်ရပါတယ်။ SolvBTC ရဲ့တန်ဖိုးက Bitcoin နဲ့ အချိုးတူ တန်ဖိုးညီပါတယ်။ထိုရလာတဲ့SolvBTC ကို အချိန်မရွေးပြန်ပီး Bitcoin အဖြစ်ပြန်ပီးတော့လည်း Redeem လုပ်လို့ရပါေသးတယ်။
Solv protocol ကိုလက်ရှိ Blockchain ၁၀ခုအပေါ်မှာ အသုံးပြုလို့ရနေပီး Bitcoin Mainnet , Ethereum , BNB Chain အစရှိတဲ့ နာမည်ကြီးBlock Chain တွေပေါ်မှာ အသုံးပြုလို့ရနိုင်ပါတယ်။ ဆိုတော့ ဘယ်Blockchain ပေါ်မှာပဲ Bitcoin ကို ကိုင်ထားထား Solv protocol ကိုအသုံးပြုပီး BTC တွေ ကို staking လုပ်ခြင်းအားဖြင့် Staking reward တွေကို အချိန်နှင့်အမျှ ရရှိနိုင်မှာပဲဖြစ်ပါတယ်။
SOLV token usecase
Solv Protocol အနေနှင့် ကိုယ်ပိုင် Token ဖြစ်တဲ့ $Solv token ကို Binance MEGA Drop ကနေတစ်ဆင့် Launch လုပ်လာမှာပဲဖြစ်ပါတယ်။ $Solv token ကို protocol အတွက်အရေးကြီးဆုံးဖြတ်ချက်တွေချတဲ့အခါ Voting ပေးရာတွင်အသုံးပြုနိုင်မှာဖြစ်ပြီး Staking ပြန်လုပ်ခြင်းအားဖြင့်လည်း rewards တွေ ရရှိနိုင်ဦးမှာပါ။ ထို့အပြင် $Solv token ကိုင်ထားတဲ့သူတွေအနေနဲ့ protocol အပေါ်မှာပေးရမယ့်Fee ကြေးတွေကိုပါ Discount ရရှိနိုင်မှာဖြစ်ပါတယ်။
Binance MEGA Drop ဆိုတာ ဘာလဲ?
Binance MEGA drop ကိုတော်တော်များများ ကြာဖူးနား၀ရှိမှာပါ။ Binance MEGA Drop ဆိုသည်မှာ Binance ရဲ့ Coin ဖြစ်တဲ့ BNB Coin Holder တွေ အကျိုးအမြတ်ရစေဖို့အတွက် လုပ်ထားတဲ့ Binance ရဲ့ product တစ်ခုလို့အကြမ်းဖျဥ်းအားဖြင့်ဆိုနိုင်ပါတယ်။
Launchpool တို့ Launchpad တို့နဲ့ လည်းဆင်ပါတယ် တူတော့မတူပါဘူး။ MEGA Drop မှာ ပါ၀င်ဖို့အတွက် BNB ကို Earn ထဲမှာ Locked လုပ်ထားဖို့လိုပီးတော့ Binance wallet(Web3 wallet) ထဲမှာ လည်းWeb3 Quest တွေကိုပြီးအောင်လုပ်ဖို့လိုပါသေးတယ်။ Earn ထဲမှာ Locked လုပ်ထားတဲ့ BNB ပမာဏနဲ့ ကြာချိန်အပေါ်မူတည်ပြီး အမှတ်ပေးထားပြီး Web3 quest တွေပြီးတဲ့အခါကျရင်လည်း အမှတ်တွေ ရဦးမှာပါ။ ရရှိလာတဲ့အမှတ်အပေါ်မူတည်ပြီး Mega drop ပေါ်မှာတင်တဲ့ Tokenတွေကို reward အဖြစ်ရလာမှာပါ။ ရလာတဲ့ Token တွေကို Binance ပေါ်မှာ List ဦးမှာဖြစ်လို့ စျေးတက်လာဦးမှာကြောင့် ထုခွဲရောင်းချပြီး အမြတ်ရရှိနိုင်ဦးမှာပါ။
အခု Solv token ကို MEGA Drop ပေါ်မှာ Launch လုပ်ထားတာဖြစ်ပြီး January 16 ရက်နေ့ 23:59:59 အချိန်အထိ ပါ၀င်လို့ရဦးမှာ ဖြစ်ပါတယ်။SOLV token ရဲ့ အသေးစိတ်ကိုတော့ အောက်မှာတစ်ချက်ဖော်ပြပေးထားပါတယ်။
Tokenomic
Max supply - 9.66 Billions
Genesis token supply - 8.4Billions
Megadrop Rewards - 588Millions
Initial Supply when listed on Binance Spot - 1.482Billion
Megadrop မှာ ပါ၀င်ဖို့ Binance account တစ်ခုရှိဖို့လိုအပ်ပါတယ်။ အကောင့်မရှိသေးရင်တော့ အောက်ပါလင့်ကနေဖွင့်နိုင်ပါတယ်👇👇
https://accounts.binance.com/register?ref=KSP5D9MX
ဒီလင့်ကနေအကောင့်ဖွင့်ပြီး Trading fee discount 20% ကို တစ်သက်တာ ရနိုင်မှာပဲဖြစ်ပါတယ်။
SOLV MEGADROP မှာဘယ်လိုပါ၀င်မလဲ?
အကောင့်ရှိပီ ဆိုရင်MEGA Drop မှာဘယ်လိုပါ၀င်ကြမလဲ တစ်ချက်ပြောပြပေးပါမယ်။ Web3 Quest ကိုတော့ Binance Video tutorial လေးတဲ့ လုပ်ပြပေးထားပါတယ်။
Solv MEGA DROP မှာ ပါ၀င်ဖို့ BNB token ကိုင်ထားဖို့လိုအပ်ပါတယ်။ BNB Token ရှိပီးသားဆိုရင် Binance Earn ထဲမှာ Lock staking လုပ်ပေးရပါမယ်။ 15ရက်ကနေ ရက်120အထိ Lock staking လုပ်ထားလို့ရပါတယ်။
Locked လုပ်ထားတဲ့ ကြာချိန်အပေါ်မူတည်ပြီး ကြာရင်ကြာသလို Points တွေ ရပါတယ်။
Locked လုပ်ထားပြီးပီဆိုရင်တော့ MEGA DROP မှာ ပါ၀င်ပြီးသားဖြစ်သွားပါပီ။ အမှတ်ပိုရဖို့အတွက် Web3 quest လုပ်ဖို့ပဲကျန်ပါတော့တယ်။ Web3 quest လုပ်ရတာနည်းနည်းရှုပ်လို့ Binance Tutorial Video လေးနဲ့ တင်ပေးထားပါတယ်။
Web3 quest tutorial link👇👇
https://www.facebook.com/share/v/19shpFNEth/
SOLV MEGADROP rewardတွေကို January 17ရက်နေ့ မှာ Binance Spot wallet ကို ထည့်ပေးသွားမှာပါ။
$Solv tokenကိုJanuary 17ရက်နေ့ UTC 10:00am မှာ Binance ပေါ်မှ Trading စဖွင့်ပေးမှာဖြစ်ပြီး SOLV/USDT , SOLV/BNB , SOLVFDUSD , SOLV/TRYဆိုတဲ့ trading pair တွေနဲ့List သွားမှာပါ။
Binance Products အသုံးပြုနည်းတွေနဲ့ အခြားသော Crypto projects တွေအကြောင်းကို Video နှင့်တစ်ကွ ဆက်ပြီးတင်ပေးသွားပါမယ်။Youtube Video တွေလည်း တင်ပေးဦးမှာဖြစ်လို့ ကျနော့် Youtube channel ကို Subscribe လုပ်ထားဖို့ အကြံပြုလိုပါတယ်။