Crypto ဈေးတွေကို လေ့လာမိသူတွေဆိုရင် အချက်လေးတခုကို သတိထားမိကြမှာပါ။ Crypto ဘိုးအေကြီးဖြစ်တဲ့ Bitcoin ဈေးတက်ရင် ကျန်တဲ့ crypto တွေပါ ဈေးလိုက်တက်လေ့ရှိပြီး Bitcoin ဈေးပြန်ကျရင်လည်း အခြား crypto တွေပါ ဈေးလိုက်ကျလေ့ရှိပါတယ်။ များသောအားဖြင့် Bitcoin ဈေးတက်ရင် ကျန်တဲ့ crypto တွေက အရှိန်အဟုန်နဲ့ လိုက်တက်လေ့မရှိဘဲ Bitcoin ဈေးကျရင် ကျန်တဲ့ crypto တွေက သူ့ထက်ငါ အလုအယက် ပြေးဆင်းလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

Bitcoin Dominance

ဒီဖြစ်စဥ် နဲ့ ယှဥ်တွဲကြည့်လို ရတဲ့ စံနှုန်းတခုကတော့ Bitcoin Dominance ပဲဖြစ်ပါတယ်။ Bitcoin ရဲ့ လွှမ်းမိုးနိုင်မှုလို့ တိုက်ရိုက်ဘာသာပြန်နိုင်ပြီး Bitcoin ရဲ့ marketcap နဲ့ cryptocurrency တွေအားလုံးရဲ့ marketcap ကြားက ကွာဟချက် ရာခိုင်နှုန်းကို အခြေတည်ပါတယ်။ ဥပမာ ကမ္ဘာပေါ်က cryptocurrency တွေအားလုံးရဲ့ marketcap က $1 trillion ရှိမယ်၊ Bitcoin ရဲ့ marketcap ကတော့ $550 billion ရှိနေမယ်ဆိုရင် Bitcoin dominance ဟာ 55% ရှိနေမှာပါ။
.
BTC.D (Bitcoin dominance) က ဘယ်လောက်ရှိနေကြောင်းကိုတော့ TradingView တို့၊ CoinStats တို့လို website တွေမှာ ကြည့်လို့ရနိုင်ပြီး website တခုနဲ့တခုကြားမှာ ရာခိုင်နှုန်း အနည်းငယ်ကွာဟချက်လေးတွေတော့ တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် အကြမ်းဖျင်းပမာဏကို မှတ်ယူနိုင်ပြီး ဒီ BTC.D ကို trading လုပ်တဲ့နေရာတွေမှာ ထည့်သွင်းစဉ်းစားတတ်လေ့ရှိကြပါတယ်။
.
များသောအားဖြင့် BTC.D က များနေရင် Bitcoin ဟာ အခြား crypto တွေအပေါ် လွှမ်းမိုးမှုကြီးနေတာဖြစ်ပြီး အခြား crypto တွေဝယ်ကိုင်တာမျိုးထက် Bitcoin ကိုပဲ ပိုပြီးအားသာတတ်ကြတာကြောင့် Bitcoin ဈေးတွေဟာလည်း ပိုတက်လေ့ရှိပါတယ်။ အထူးသဖြင့် project ရေရာသေချာမှုမရှိဘဲ၊ အန္တရာယ်များတဲ့ crypto တွေထက် အနာဂတ်မှာ ရေရာသေချာမှုအရှိဆုံး Bitcoin ကို ပိုပြီးဝယ်ချင်ကြတာမျိုးပါ။
.
ဒီလိုအခြေအနေမျိုးတွေမှာ Bitcoin ပြီးရင် အကြီးဆုံးဖြစ်တဲ့ Ethereum အပါအဝင် အခြား crypto အတော်များများဟာ Bitcoin တက်သလောက် လိုက်တက်နိုင်ဖို့ကို ရုန်းကန်ရလေ့ရှိပြီး တရက်၊ တပတ်၊ တလနဲ့ ပြန်ကြည့်ရင် ဈေးတက်တဲ့ရာခိုင်နှုန်း အတော်လေးကွာနေလေ့ရှိပါတယ်။

သက်ရောက်မှု

ဥပမာ Trump က Bitcoin နဲ့ပတ်သက်တဲ့ အပြုသဘောဆောင်ဥပဒေတခုကို လက်မှတ်ထိုး ထုတ်ပြန်လိုက်တယ်ဆို ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုဟာ Bitcoin ဝယ်စုဖို့အတွက် လူတွေကို နှိုးဆော်လိုက်သလိုဖြစ်သွားမှာဖြစ်ပြီး crypto ဆိုတာ ဘာလဲမသိသေးသူတွေကအစ Bitcoin ဘယ်လိုဝယ်ရမလဲဆိုတာ သိချင်လာကြပါတယ်။ အလားတူပါပဲ၊ crypto နယ်ပယ်ထဲ ရှိထားပြီးသားသူတွေကလည်း Bitcoin ကို အနည်းနဲ့အများ ဝယ်စုဖြစ်ကြမှာဖြစ်သလို အချို့ဆိုရင် ဝယ်ကိုင်ထားပြီးသား crypto တွေကိုပါ ပြန်ရောင်းထုတ်ပြီး Bitcoin ပြောင်းပစ်ကြတာမျိုးတွေပါ တွေ့ရပါတယ်။
.
တနည်းပြောရရင်တော့ Bitcoin ရဲ့ လွှမ်းမိုးနိုင်မှုဟာ ပုံမှန်ထက်ပိုကြီးသွားတာဖြစ်ပြီး လူတွေက Bitcoin မှ Bitcoin ဖြစ်သွားပြီး အခြား crypto တွေကို ဝယ်လိုအားနည်းသွားတဲ့ကာလမျိုးတွေပါပဲ။
ဒါကြောင့် Bitcoin dominance များနေချိန်မှာ altcoin လို့ခေါ်တဲ့ အခြား cryptocurrency တွေ အစွမ်းပြနိုင်ဖို့ ရုန်းကန်ကြရပြီး Bitcoin dominance ကျသွားချိန်မှသာ altcoin တွေ ဖက်ကို လူတွေ အာရုံစိုက်လာကြပြီး altcoin တွေ ဈေးတက်တဲ့ altcoin season လာနိုင်မှာဖြစ်ကြောင်း ယူဆနိုင်မှာပါ။
.
ဒါပေမယ့် ဖြစ်လေ့ရှိတဲ့ပုံစံတခုကတော့ Bitcoin dominance မြင့်နေချိန်မှာ altcoin တွေက ဈေးအများကြီးလိုက်မတက်နိုင်သလို Bitcoin ဈေးပြန်ကျချိန်မှာလည်း altcoin တွေပါ အလုံးအရင်းနဲ့ ဈေးလိုက်ကျတတ်တာပါ။
ဒီလိုအဖြစ်မျိုးကို ကျနော်တို့ 2025 နှစ်ဆန်းပိုင်း bull market မှာလည်း ကြုံခဲ့ရပြီးဖြစ်သလို bull market သာ ပြီးသွားတယ်၊ altcoin တွေ ဈေးတောက်လျှောက်တက်တဲ့ altcoin season မလာလိုက်ပါဘူး။ အခု နှစ်လယ်ပိုင်းမှာ လာချင်သလိုလိုဖြစ်နေတဲ့ bull market မှာတော့ altcoin season လာနိုင်မလားဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။ အခု ဒီစာရေးချိန်မှာတော့ Bitcoin dominance ဟာ 60% ကျော်အထိ ရှိနေတာကြောင့် altcoin season လာဖို့ ဝေးနေပါသေးတယ်။
.
ဒီလိုအချိန်မှာ လုပ်သင့်တာကတော့ DCA (Dollar Cost Averaging) ပါ။ Marketcap များတဲ့ crypto project တွေထဲကမှ ကိုယ်တိုင်လေ့လာကြည့်ပြီးလို့ ဒီ project က အလားအလာရှိတယ်လို့ ယူဆရင် သူ့ရဲ့ token ကို DCA စနစ်နဲ့ ဝယ်ပါ။ ကိုယ်ကိုင်ထားတဲ့ crypto တွေထဲမှာလည်း project က development တွေမရှိတော့တဲ့ token မျိုးတွေ ပါနေရင် ထုတ်ရောင်းသင့်ပါတယ်။ အထူးသဖြင့် နာမည်ကြီးတုန်းက ဈေးတွေတက်ပြီး နာမည်လည်းကျသွားရော ဘာတန်ဖိုးမှမရှိတော့တဲ့ memecoin တွေကိုင်ထားမိရင် ဆက်ကိုင်သင့်လား၊ ထုတ်ရောင်းသင့်လား သေချာလေ့လာပြီး ဆုံးဖြတ်ပါ။ Project သေသွားတဲ့ token တွေဟာ Bitcoin dominance ကျတာပဲဖြစ်ဖြစ်၊ altcoin season လာတာပဲဖြစ်ဖြစ် ဈေးပြန်တက်ဖို့ ရာခိုင်နှုန်းအတော်လေးကို နည်းသွားပြီဖြစ်လို့ သေချာဆုံးဖြတ်သင့်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL