$PIXEL ကို ကြည့်တဲ့လူအများစုက price တက်မလား၊ ဘယ်လောက်ထိတက်မလဲ ဆိုတာပဲ စိတ်ဝင်စားနေကြတယ်၊ ဒါပေမယ့် တကယ်အရေးကြီးတဲ့ မေးခွန်းက “ဒီ project က ရေရှည်တည်တံ့နိုင်မလား” ဆိုတာပါပဲ။ အမှန်တရားတစ်ခုကတော့ GameFi project တစ်ခုအောင်မြင်ဖို့ဆိုတာ price pump တစ်ခါနဲ့ မဆုံးဖြတ်နိုင်ဘူး၊ user တွေရှိရမယ်၊ economy တည်ငြိမ်ရမယ်၊ engagement မပြတ်ရဘူး။ Pixel ရဲ့ အနာဂါတ်ကို ဆုံးဖြတ်မယ့် အချက်တွေထဲမှာ ပထမဆုံးက game experience ဖြစ်တယ်၊ @Pixels က simple game တစ်ခုအဖြစ်ပဲ ရပ်နေမယ်ဆိုရင် long-term မှာ မရှင်သန်နိုင်ဘူး၊ gameplay ကို ဆက်တိုက် update လုပ်ရမယ်၊ features အသစ်တွေထည့်ရမယ်၊ player တွေကြာကြာနေချင်အောင် design ပြန်လုပ်ရမယ်၊ game တစ်ခုမှာ fun ဖြစ်ရုံနဲ့ မလုံလောက်ဘူး reward နဲ့ challenge ကို balance ဖြစ်အောင်လုပ်ရမယ်။ ဒုတိယအချက်က user growth ဖြစ်တယ်၊ project တစ်ခု မတိုးတက်တာအများစုက user မတိုးလို့ဖြစ်တတ်တယ်၊ Pixel အနေနဲ့ marketing၊ partnership၊ community activity တွေကနေ user အသစ်တွေ ဆက်တိုက်ဝင်လာအောင်လုပ်နိုင်မှ ecosystem တစ်ခုလုံးအသက်ဝင်လာမယ်၊ user မရှိတဲ့ GameFi project က အပြင်ကကြည့်ရင် alive လိုပဲ ထင်ရပေမယ့် အတွင်းမှာတော့ dead project ဖြစ်သွားနိုင်တယ်။ တတိယအချက်က အရေးကြီးဆုံးဖြစ်တဲ့ token economy ပါ၊ token ကို game ထဲမှာ အသုံးပြုစရာမရှိဘူးဆိုရင် demand မရှိဘူး၊ demand မရှိရင် price မတက်ဘူး၊ reward system မbalance ဖြစ်ဘူးဆိုရင် inflation ဖြစ်မယ်၊ inflation ဖြစ်ရင် value ကျမယ်၊ ဒီ cycle ကို မထိန်းနိုင်ရင် project က hype တစ်ခါပြီးတာနဲ့ အားနည်းသွားတတ်တယ်၊ GameFi project တွေအများကြီး fail ဖြစ်တာ gameplay မကောင်းလို့မဟုတ်ဘူး economy မထိန်းနိုင်လို့ပါ။ ဒါကြောင့် Pixel future ကို ကြည့်တဲ့အခါ price chart တစ်ခုတည်းမကြည့်ဘဲ user activity နဲ့ economy design ကိုပါ ကြည့်ဖို့လိုတယ်။ နောက်တစ်ခုက community power ပါ၊ Pixel success ဖြစ်မယ် မဖြစ်ဘူးဆိုတာ team တစ်ခုတည်းပေါ်မူတည်တာမဟုတ်ဘူး community က active ဖြစ်ရမယ်၊ content creators တွေ၊ players တွေ အားလုံးပါဝင်မှ ecosystem တစ်ခုတည်ဆောက်နိုင်မယ်၊ community strong ဖြစ်ရင် marketing များမလိုဘဲ growth ဖြစ်နိုင်တယ်။ Long-term မှာ Pixel က simple game တစ်ခုကနေ digital world တစ်ခု၊ metaverse style platform တစ်ခုအဖြစ် ပြောင်းလဲနိုင်တဲ့ အလားအလာရှိတယ်၊ ဒါပေမယ့် idea ကောင်းတယ်ဆိုတာနဲ့ မလုံလောက်ဘူး execution က အရေးကြီးဆုံးပါ။ အဆုံးသတ်အနေနဲ့ Pixel အောင်မြင်မလားဆိုတာကို user growth၊ strong economy နဲ့ real engagement ဆိုတဲ့ အချက် ၃ ချက်ပဲ ဆုံးဖြတ်မယ်၊ ဒီသုံးခုထဲက တစ်ခုခုချို့ယွင်းသွားရင် project က အားနည်းသွားမယ်၊ ဒါကြောင့် smart investor တစ်ယောက်အနေနဲ့ hope နဲ့မကြည့်ဘဲ data နဲ့ကြည့်ဖို့လိုတယ်၊ Pixel future ကို နားလည်ချင်ရင် price မဟုတ်ဘူး people ကိုကြည့်ပါ။

#pixel

#PIXEL/USDT

#pixeltoken