Binance ဟာ အခုနောက်ပိုင်းမှာ သူတို့ရဲ့ Web3 wallet ကို အသုံးဝင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းလာနေပါတယ်။ စထွက်လာချိန်မှာ လူသုံးအတော်လေးနည်းခဲ့ပေမယ့် အခုချိန်မှာတော့ Binance Wallet ဟာ Binance ရဲ့ အဓိကထုတ်ကုန်တွေထဲက တခုအဖြစ် ရပ်တည်လာနိုင်နေပါပြီ။ သူ့ရဲ့ နဂိုမူလရည်ရွယ်ချက်ဖြစ်တဲ့ CeFi နဲ့ DeFi ကြား ကူးလူးဆက်သွယ်ရာမှာ လွယ်ကူစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း အတော်လေးဖြည့်ဆည်းလာနိုင်တာတွေ့ရပြီး အခုဆိုရင် Binance Alpha ကိုပါ ထပ်ဖြည့်လာတဲ့အတွက် airdrop သမားတွေ စတည်းချရာ နေရာတခုပါ ဖြစ်လာခဲ့ပါပြီ။

Binance Wallet ကို ဘယ်လိုမျိုး အသုံးချလို့ရနိုင်မလဲ

ပထမဆုံး သုံးလို့ရနိုင်တာကတော့ token swap တာတွေနဲ့ trading လုပ်တာတွေမှာ သုံးလို့ရနိုင်ပါတယ်။ အရင်ကဆိုရင် DEX (Decentralized Exchange) တွေမှာ token swap ဖို့ကို အတော်လေး နောက်တွန့်ခဲ့ကြပါတယ်။ Binance လိုမျိုး CEX (Centralized Exchange) တွေမှာလို ခလုတ်လေးတချက်နှိပ်ရုံနဲ့ လွယ်ကူနေတာမဟုတ်ဘဲ network မတူတာတွေ၊ token support မပေးတာတွေလိုမျိုး စနိုးစနောင့်ဖြစ်စရာတွေ အတော်များခဲ့ပါတယ်။ အခုတော့ လူသုံးများတဲ့ blockchain တွေအပါအဝင် network အတော်များများကို တနေရာတည်းမှာ support ပေးထားတဲ့ Binance Wallet ကနေတဆင့် DEX တွေမှာ token swap တာတွေနဲ့ trading လုပ်တာတွေကို မြန်မြန်တန်တန် လုပ်လို့ရနိုင်ပါပြီ။
မြန်မြန်တန်တန်ဆိုတာကတော့ Binance Wallet ကနေတဆင့် token swap တဲ့အခါ gas fees တွေ မကုန်သင့်ဘဲ မကုန်ရအောင်လည်း optimize လုပ်ပေးထားတာကြောင့်ဖြစ်သလို တနေရာတည်းမှာ network ပေါင်းစုံပေါ်က token ပေါင်းစုံကို စိတ်ကြိုက် swap နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Binance Wallet မှာ token မ swap ဖူးသေးရင် စမ်းသပ်ကြည့်သင့်ပြီး ဒါမှသာ ပုံမှန် dApp တွေနဲ့ ဘာတွေကွာခြားသွားလဲ သိနိုင်မှာပါ။

Alpha နဲ့ လည်းသုံးလို့ရ

နောက်တချက်ကတော့ Binance Alpha ပါ။ သူဌေးစာဆိုတဲ့ Binance Alpha ကို ကြိုက်သူတွေရှိသလို မကြိုက်သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် Binance Alpha ဟာ crypto bro တွေအတွက် airdrop တွေကနေတဆင့် ငွေရပေါက်တွေ ဖန်တီးပေးနေတာကိုတော့ ငြင်းမရပါဘူး။ New token တွေကနေ အကျိုးအမြတ်ရှာလို့ရနိုင်မယ့် Binance Alpha ကို Binance Wallet ထဲကနေ ဝင်သုံးလို့ရနိုင်သလို Binance Exchange ထဲကနေလည်း market ထဲကတဆင့် အလွယ်တကူ ဝင်လို့ ရနိုင်ပါတယ်။
.
Binance Alpha အကြောင်းကိုတော့ Myan Crypto မှာ ခဏခဏရှင်းပြခဲ့ပြီးဖြစ်တာကြောင့် အထူးအထွေ မရှင်းပြလိုတော့ပါဘူး။ တခုသတိထားသင့်တာတော့ Binance Alpha ထဲက token တွေဟာ အလားအလာရှိတဲ့ token တွေလည်းဖြစ်သလို ဈေးနှုန်းအတက်အကျလည်းအရမ်းကြမ်းတတ်တာကြောင့် marketcap များပြီး trading volume များတဲ့ token တွေကိုသာ ရွေးချယ်ပြီး သတိထား trade သင့်ပါတယ်။

Megadrop နဲ့လည်းရ

နောက်ဆုံးတချက်ကတော့ token အသစ်တွေကို မိတ်ဆက်တဲ့ Megadrop ပါ။ Megadrop ဟာ တခါတခါလာဖို့ကို အတော်လေးကြာတတ်ပေမယ့် တခါလာပြီဆိုရင်လည်း $10 ကနေ $20 လောက်တော့ ပေးတတ်ပါတယ်။ Megadrop ကနေ token တွေ ယူလို့ရနိုင်မယ့် နည်း 2 နည်းရှိပါတယ်။ ပထမတနည်းကတော့ ကိုယ့်ဆီမှာ ရှိတဲ့ BNB တွေကို stake လုပ်ထားပြီး BNB များရင်များသလို၊ stake လုပ်ထားတဲ့ကြာချိန်များရင်များသလို score တွေပြန်ရတာပါ။ ဒီ score တွေ
များရင်များသလို token အသစ်ပြန်ရနှုန်းဟာလည်းများမှာဖြစ်ပါတယ်။
.
နောက်တနည်းကတော့ Binance wallet ထဲကနေတဆင့် သက်ဆိုင်ရာ project ရဲ့ platform မှာ token တွေ သွား stake ပေးတာ၊ liquidity ဖြည့်ပေးတာလိုမျိုးတွေ လုပ်ပေးရတာပါ။ ဒီနည်းဟာ score အများဆုံးရတဲ့နည်းဖြစ်ပြီး Binance wallet ထဲမှာ task လုပ်ပေးရုံနဲ့ token အသစ်ရဲ့ ဈေးအပေါ်မူတည်ပြီး $10 ကနေ $20၊ $30 လောက်အထိ ပြန်ရတတ်ပါတယ်။
.
Binance ဟာ အခုနောက်ပိုင်းမှာ all in one app တခုအဖြစ် ကူးပြောင်းဖို့ ကြိုးစားလာနေတာကို တွေ့ရပြီး exchange လည်းရ၊ wallet လည်းရ၊ social media လည်းရ၊ streaming platform လည်းရတွေဖြစ်နေပါပြီ။ မရသေးတာဆိုလို့ messenger လိုမျိုး အချင်းချင်း စကားပြောလို့ရနိုင်မယ့် chat feature တွေပဲ ကျန်ပါတော့တယ်။ ဒီလိုမျိုး Binance ရဲ့ feature တွေထဲမှာ Binance Wallet ဟာ အဓိကကျတဲ့အခန်းကဏ္ဍတခုကနေပါဝင်လာနေတာကြောင့် ထဲထဲဝင်ဝင် trade တာမျိုးတွေ မလုပ်ရင်တောင် အကြမ်းဖျင်းလောက်သိအောင်တော့ လေ့လာထားသင့်ပါတယ်။

.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL