Bitcoin ဟာ ဒီရက်ပိုင်းမှာ စံချိန်တင်ဈေးအသစ်တွေ တောက်လျှောက်ဖောက်လာနိုင်နေပြီး ဒီနှစ်ကုန်ပိုင်းမှာ ဈေးနှုန်း $150,000 အထိ တက်နိုင်တဲ့ accumulation phase အသစ်တခု စတင်နေပြီလို့ လေ့လာသုံးသပ်သူတွေက ဆိုထားပါတယ်။။
New ATH
ဒီလပိုင်းမှာပဲ Bitcoin ဈေးဟာ $126,000 အထက်ကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ market capitalization ကလည်း crypto သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် $2.5 trillion ကို ကျော်လွန်သွားခဲ့ပါတယ်။
2018 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်အစိုးရ shutdown ဖြစ်သွားတဲ့ကိစ္စဟာလည်း Bitcoin ကို တန်ဖိုးသိုလှောင်တဲ့ asset အဖြစ် ပြန်လည်စိတ်ဝင်စားမှု တိုးလာစေကြောင်း သုံးသပ်နေကြပါတယ်။ 
.
အမေရိကန်အစိုးရရဲ့ နိုင်ငံရေးဆိုင်ရာ ကမောက်ကမဖြစ်မှုတွေက ဗဟိုအစိုးရချုပ်ကိုင်မှုမရှိတဲ့ asset တွေအပေါ် စိတ်ဝင်စားမှုအသစ်ကို ဖြစ်ပေါ်စေတဲ့အတွက် အမေရိကန်အစိုးရ shutdown က Bitcoin ရဲ့ တန်ဖိုးသိုလှောင်တဲ့အခန်းကဏ္ဍကို ပေါ်လွင်လာစေကြောင်း Sygnum Bank ရဲ့ chief investment officer ဖြစ်တဲ့ Fabian Dori က ဆိုထားပါတယ်။ 
အစိုးရ Shutdown
ဒါ့အပြင် အစိုးရ shutdown ရဲ့ crypto market အပေါ် သက်ရောက်မှုဟာ US Federal Reserve ရဲ့ interest rate ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုလွှမ်းမိုးမလဲဆိုတဲ့အပေါ်မှာ အဓိကမူတည်နေကြောင်းလည်း Nansen ရဲ့ researcher တဦးဖြစ်တဲ့ Jake Kennis က ပြောပါတယ်။ Shutdown ကိစ္စပြေလည်သွားခဲ့ရင် မရေရာမှုတွေ လျော့နည်းသွားပြီး FED ကို အတိုးနှုန်းလျှော့ချမယ့်ဖက်ဆီ တွန်းအားပေးနိုင်မယ်ဆိုရင် crypto ဈေးကွက်တွေအတွက် အကျိုးအမြတ်ထပ်ရှိလာနိုင်ကြောင်း Kennis က ခန့်မှန်းထားပါတယ်။ 
.
အခုလက်ရှိ on-chain data တွေကတော့ whale တွေရဲ့ selling pressure တွေ ကျလာနေကြောင်း ပြနေပြီး အခု Bitcoin ရဲ့ ဈေးအတက်ကိုလည်း လုပ်ငန်းစုကြီးတွေရဲ့ ဝယ်စုတဲ့ကာလတခုအဖြစ် မှတ်တမ်းဝင်နေပါတယ်။
အခုဆိုရင် အဖွဲအစည်းကြီးတွေက Spot Bitcoin ETF (Exchange-Traded Fund) တွေကနေတစ်ဆင့် Bitcoin ကို လွယ်လွယ်ကူကူနဲ့ တရားဝင်ဝယ်ယူနိုင်နေပြီဖြစ်တာကြောင့် $ billion နဲ့ချီတဲ့ ငွေကြေးတွေ စျေးကွက်ထဲကို စီးဝင်လာသလို Bitcoin ရဲ့ စျေးကွက်တန်ဖိုးကလည်း နည်းပညာလုပ်ငန်းစုကြီးဖြစ်တဲ့ Amazon ထက်တောင် ကျော်လွန်သွားခဲ့ပါပြီ။ 
.
ဒါကြောင့် ဒီတခေါက် ဈေးအတက်ဟာ လုပ်ငန်းစုကြီးတွေပေါ် အဓိကမှီတည်နေတာဖြစ်သလို use case ထက် sentimental value က ပိုအားသာနေတဲ့သဘောပါပဲ။ ဒီအတက်အကျတွေကြားထဲမှာ ရှေ့ဆက်ဘာဖြစ်မလဲဆိုရင်တော့ ဈေးအတက်ဖက်ဆိုရင်တော့ $134,000 - $140,000 ကြားကို ဆက်တက်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတော့ နည်းသေးပေမယ့် ဒီ့ထက်ဆက်ပြီး တက်နိုင်ခဲ့မယ်ဆိုရင်တော့ $160,000 - $181,000 အထိ မှန်းလို့ရနိုင်ပါတယ်။ 
.
ဒါပေမယ့် အမေရိကန်အစိုးရ shutdown က သတင်းဆိုးတွေထွက်လာမယ်ဆိုရင်တော့ $110,000 အောက်ကနေ$83,000 အထိ ပြန်လည်ကျဆင်းသွားနိုင်ပါတယ်။ 
ဒါကြောင့် ဒီကြားထဲမှာတော့ ဝယ်ထားသူတွေကလည်း အမြတ်တခုယူထားသင့်ပြီး ဝယ်ဖို့စောင့်နေသူတွေကလည်း DCA နည်းနဲ့ ဖြည်းဖြည်းချင်းဝယ်စုတာကသာ အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။ 
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

