Crypto လောကမှာ အမြတ်ရဖို့က အရေးကြီးသလို၊ ကိုယ့်ရဲ့ အမြတ်တွေကို မဆုံးရှုံးအောင် ထိန်းသိမ်းပြီး ရောင်းနိုင်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အခု Crypto ရောင်းချတဲ့အခါ မြန်မာ Trader တော်တော်များများ လုပ်လေ့ရှိတဲ့ အမှားတွေနဲ့ အဲ့ဒီအမှားတွေကနေ ဘယ်လိုရှောင်ရှားပြီး ကိုယ့်ရဲ့ အကျိုးအမြတ်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာ ပြောပြပေးသွားပါမယ်
စိတ်ခံစားချက် နဲ့ ပြန်ရောင်းခြင်း
❗️ဈေးကွက်က ထင်သလောက်မတက်လာတဲ့အခါ ဒါမှမဟုတ် ရုတ်တရက်ထိုးကျသွားတဲ့အခါ စိတ်ပူပြီး အရှုံးခံရောင်းချမိတာမျိုး (Panic Selling) က အဖြစ်များဆုံးအမှားတွေထဲက တစ်ခုပါပဲ
ဒီလိုပဲ ဈေးကွက်က အရမ်းတက်နေတဲ့အချိန်မှာ ကိုယ်ကျန်ခဲ့မှာဆိုးလို့ (FOMO) အလျင်စလိုရောင်းချမိတာမျိုးတွေကလည်း အကောင်းဆုံးအမြတ်ရနိုင်ခြေကို လျော့ကျစေပါတယ်။
ဒါကြောင့် စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ကိုယ့်ရဲ့ မူလ Plan အတိုင်းပဲ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးပါတယ်။
📃 ရောင်းထွက်မယ့် Plan ကြိုမဆွဲထားခြင်း
Trader တော်တော်များများက Crypto ဝယ်တဲ့အခါမှာပဲ အာရုံစိုက်လေ့ရှိပြီး ဘယ်အချိန်မှာ ဘယ်လောက်နဲ့ ပြန်ရောင်းမယ်ဆိုတဲ့ Exit Strategy ကို ကြိုတင်မစဉ်းစားထားတတ်ကြပါဘူး။
ဥပမာ - ကိုယ်ဝယ်ထားတဲ့ Coin က ဘယ်ဈေးရောက်ရင် ဘယ်လောက်ရာခိုင်နှုန်းရောင်းမယ်၊ ဘယ်အချိန်ရောက်ရင် ဘယ်လောက်ရောင်းမယ်ဆိုတာမျိုး ကြိုတင်သတ်မှတ်ထားသင့်ပါတယ်
လုံခြုံရေးကို ဂရုမစိုက်ခြင်း
Crypto ရောင်းချတဲ့အခါ လုံခြုံရေးကလည်း အလွန်အရေးကြီးပါတယ်။
🔸လိုင်စင်မရှိတဲ့၊ လူသုံးနည်းပြီး နာမည်မကောင်းတဲ့ Platform တွေမှာ ရောင်းချခြင်းက ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ဆုံးရှုံးသွားစေနိုင်ပါတယ်
ဥပမာ Scam Platform တွေဟာ ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းတွေနဲ့ မက်လုံးပေးပြီး လိမ်လည်နေတာတွေလည်း ရှိပါတယ်။
🔸နောက်ပြီး ကိုယ့်ရဲ့ Coin တွေကို Exchange ထဲမှာပဲ အကုန်ထားတာက Hacking ရန်ကို ဖိတ်ခေါ်နေသလိုပါပဲ။ လုံခြုံစိတ်ချရတဲ့ ကိုယ်ပိုင် Wallet (Hardware Wallet) တွေမှာ ခွဲပြီးသိမ်းထားသင့်ပြီး ရောင်းချခါနီးမှ လိုအပ်သလောက်ကို Exchange ထဲ လွှဲပြောင်းတာက အကောင်းဆုံးပါ
🔸အရေးအကြီးဆုံးကတော့Crypto အရောင်းအဝယ်တွေက ပြန်ပြင်လို့မရတဲ့အတွက် (irreversible) ကိုယ်လွှဲမယ့် Wallet Address ကို သေချာစစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်。 တစ်ချက်မှားသွားတာနဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံး ဆုံးရှုံးနိုင်ပါတယ်။
ကုန်ကျစရိတ်ကို ထည့်မတွက်ခြင်း
Crypto ရောင်းတဲ့အခါ Transaction Fees တွေက ကွန်ရက်အသုံးပြုမှု များတဲ့အချိန်တွေမှာဆိုရင် သိသိသာသာ များပြားနိုင်ပါတယ်။
ကိုယ့်ရဲ့အမြတ်ကို တွက်ချက်တဲ့အခါ ဒီကုန်ကျစရိတ်တွေကို ထည့်မတွက်မိရင် အမြတ်အစွန်းကို မှားယွင်းစွာခန့်မှန်းမိနိုင်ပါတယ်
ဒါ့အပြင် နိုင်ငံအများစုမှာ Crypto ကရတဲ့အမြတ်ပေါ် အခွန်ဆောင်ရတာမျိုးတွေ ရှိတဲ့အတွက် ကိုယ့်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လေ့လာထားသင့်ပါတယ်။
ပိုင်ဆိုင်မှုအားလုံးကို တစ်ကြိမ်တည်း ရောင်းချခြင်း
ဈေးကွက်က ဆက်တက်နိုင်သေးတဲ့ အခြေအနေမှာ ကိုယ်ပိုင်ဆိုင်သမျှ Coin တွေအကုန်လုံးကို တစ်ကြိမ်တည်းနဲ့ ရောင်းချလိုက်တာက ရသင့်တဲ့အမြတ်ကို လျော့သွားစေနိုင်ပါတယ်
ပညာရှင်တွေကတော့ အမြတ်တချို့ကို ထုတ်ယူရင်း ကျန်တဲ့ပိုင်ဆိုင်မှုတွေကို ဈေးဆက်တက်နိုင်ခြေအတွက် ချန်ထားတဲ့ Phased Exit Strategy လို့ခေါ်တဲ့ အဆင့်လိုက်ရောင်းချတဲ့နည်းလမ်းကို အကြံပြုထားကြပါတယ်။
ပိုပြီး အမြတ်ရနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းများ
Altcoin တွေကို ရောင်းချတဲ့အခါ အမြတ်အစွန်း မလျော့သွားအောင်နဲ့ ကုန်ကျစရိတ်သက်သာအောင် ဒီနည်းလမ်းတွေကို သုံးနိုင်ပါတယ်
🔸Convert
Exchange အများစုမှာပါတဲ့ Convert feature က သုံးရလွယ်ကူပြီး အများစုက "Zero Fees" လို့ ကြော်ငြာပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ ဈေးနှုန်းဟာ ဈေးကွက်ပေါက်ဈေးနဲ့ အနည်းငယ်ကွာဟနိုင်တဲ့ "Spread" ပါဝင်နေတတ်ပါတယ်။ ဆိုလိုတာက ရောင်းတဲ့အခါ ပေါက်ဈေးထက် နည်းနည်းလျော့ပြီး ရောင်းရတာမျိုးပါ။ ဒါကြောင့် အခကြေးငွေမရှိဘူးလို့ထင်ရပေမယ့် တကယ်တမ်းမှာ Spot Trading ထက် ကုန်ကျစရိတ် ပိုများသွားနိုင်ပါတယ်။
🔸Spot Trading
ဒီနည်းလမ်းကတော့ ဈေးကွက်ထဲမှာ တိုက်ရိုက်ရောင်းချတာဖြစ်ပြီး သတ်မှတ်ထားတဲ့ Trading Fee (ဥပမာ- 0.1%) ပေးရပါတယ်။ ကိုယ်ရောင်းချင်တဲ့ဈေးကို အတိအကျသတ်မှတ်နိုင်တဲ့ Limit Order လိုမျိုး အဆင့်မြင့် Tools တွေ သုံးနိုင်တဲ့အတွက် ဈေးနှုန်းအတက်အကျမြန်ချိန်မှာဖြစ်တတ်တဲ့ Slippage (ကိုယ်ထင်ထားတဲ့ဈေးနဲ့ တကယ်ရောင်းလိုက်တဲ့ဈေး ကွာသွားခြင်း) ကို ရှောင်ရှားနိုင်ပါတယ်။
🔸Price Alert များသုံးခြင်း
ဈေးကွက်ကို အချိန်ပြည့်ထိုင်မကြည့်နိုင်တဲ့သူတွေအတွက် Price Alert က အလွန်အသုံးဝင်ပါတယ်။ ကိုယ်ရောင်းချင်တဲ့ Coin က ကိုယ်သတ်မှတ်ထားတဲ့ ဈေးနှုန်းတစ်ခုကို ရောက်သွားတဲ့အခါ Email ဒါမှမဟုတ် ဖုန်း Notification နဲ့ အသိပေးမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ Exit Plan အတိုင်း အချိန်မီရောင်းထွက်နိုင်မှာပါ။ Exchange တော်တော်များများရဲ့ Trade ဒါမှမဟုတ် Market section တွေမှာ ဒီ feature ကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်
🔸Stop-Limit Order
ဒါက ကိုယ်ချထားတဲ့ Plan အတိုင်း အလိုအလျောက်ရောင်းထွက်နိုင်အောင် ကူညီပေးတဲ့ tool တစ်ခုပါ။ Stop Price နဲ့ Limit Price ဆိုပြီး ဈေးနှုန်းနှစ်ခု သတ်မှတ်ထားရပါတယ်။ ဥပမာ - ကိုယ်က Coin တစ်ခုကို $90 ရောက်ရင် အရှုံးရပ်ပြီးရောင်းချင်တယ်ဆိုပါစို့။ Stop Price ကို $90၊ Limit Price ကို $89.50 လို့ သတ်မှတ်ထားလိုက်ရင် Coin ဈေးက $90 ကိုကျသွားတဲ့အခါ Order က အသက်ဝင်လာပြီး $89.50 ဒါမှမဟုတ် အဲ့ဒီထက်ပိုကောင်းတဲ့ဈေးနဲ့ပဲ ရောင်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်းရုတ်တရက်ထိုးကျသွားတဲ့အခါ ကိုယ်မရောင်းချင်တဲ့ အလွန်နိမ့်တဲ့ဈေးနဲ့ ရောင်းထွက်သွားတာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်
ဈေးကွက်ကို သေချာမလေ့လာခြင်း
🔎 "Do Your Own Research" (DYOR) ဆိုတဲ့ ဆောင်ပုဒ်က Crypto ဝယ်တဲ့အခါမှာသာမက ရောင်းတဲ့အခါမှာလည်း အရေးကြီးပါတယ်။ Social Media က Influencer တွေရဲ့ အကြံပေးချက်တွေ၊ မခိုင်လုံတဲ့ သတင်းတွေကို မျက်စိမှိတ်ယုံပြီး ရောင်းချတာမျိုးက ဆုံးဖြတ်ချက်တွေကို မှားသွားစေနိုင်ပါတယ်။
နောက်ဆုံးပြောရရင် Crypto လောကမှာ အောင်မြင်ဖို့ဆိုတာက အမြတ်ရအောင်လုပ်နိုင်ရုံမက၊ ရလာတဲ့အမြတ်ကိုပါ လုံခြုံအောင် ထိန်းသိမ်းရောင်းချနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး၊ သေချာကျနတဲ့ Plan တစ်ခုနဲ့ လုံခြုံရေးကို အမြဲဦးစားပေးခြင်းအားဖြင့် မလိုအပ်ဘဲ အမြတ်ငွေတွေ ဆုံးရှုံးခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပြီး ကိုယ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှာပါ
Disclaimer ⚠️
🔴 Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို့ သတိထားပြီး ရင်းနှီးမြှုပ်နှံဖို အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။