ပထမဆုံးအနေနဲ့ လက်ရှိ Bitcoin ရဲ့ အခြေအနေကို ကြည့်လိုက်မယ်ဆိုရင် Bitcoin ဟာ $114k ကို ကျော်ပြီး တည်ငြိမ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ အခိုင်အမာ ယုံကြည်မှု ရှိနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုပါပဲ။ Bitcoin ရဲ့ဈေးနှုန်းအတက်အကျဟာ Trader တွေအတွက် စိတ်လှုပ်ရှားစရာကောင်းသလို၊ ရေရှည်အတွက် စဉ်းစားနေတဲ့ သူတွေအတွက်လည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် Bitcoin ETF (Exchange Traded Fund) တွေရဲ့ ပေါ်ပေါက်လာမှုဟာ Bitcoin လောကကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။ Bitcoin ETF တွေဆိုတာက အဖွဲ့အစည်းကြီးတွေ (ဥပမာ- ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကြီးတွေ၊ ပင်စင်ရန်ပုံငွေအဖွဲ့တွေ) အနေနဲ့ Bitcoin ကို တိုက်ရိုက် ဝယ်စရာမလိုဘဲ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖန်တီးပေးထားတဲ့ ရန်ပုံငွေအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီလို ETF တွေ ပေါ်လာတော့ Bitcoin ကို ပိုမိုလုံခြုံတဲ့ နည်းလမ်းနဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံသူတွေ များလာပါတယ်။ ဒါဟာ Bitcoin အတွက် အကြီးအကျယ် Demand မြင့်တက်လာစေခဲ့ပါတယ်။ စဉ်းစားကြည့်ပါ။ ပုံမှန်အားဖြင့် Bitcoin ဝယ်လေ့မရှိတဲ့ ကုမ္ပဏီကြီးတွေ၊ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေပါ Bitcoin ဈေးကွက်ထဲကို ဝင်လာတယ်ဆိုတော့ Bitcoin ရဲ့ စျေးနှုန်းက အလိုလို မြင့်တက်လာမှာ အသေအချာပါပဲ။
Bitcoin ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လေးနှစ်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိတဲ့ Halving cycle က စျေးနှုန်းကို အကြီးအကျယ် သက်ရောက်မှု ရှိပါတယ်။ Halving ဆိုတာက Bitcoin Mining လုပ်တဲ့ သူတွေကို ပေးတဲ့ mining rewards တွေက လေးနှစ်တစ်ကြိမ် တဝက်စီ လျှော့ချသွားတာပါ။ ဒီလိုလုပ်လိုက်တာက Bitcoin ရဲ့ mining တူးတဲ့ ထုတ်လုပ်မှုနှုန်းက လျော့နည်းသွားပါတယ်။
Supply က နည်းပြီး Demand က များနေရင် စျေးမြင့်တက်တာက စီးပွားရေးရဲ့ သဘောတရားပါပဲ။ ဒါကြောင့် Halving ပြီးတိုင်း နောက်ပိုင်းနှစ်တွေမှာ Bitcoin စျေးနှုန်းဟာ All-Time Highs ကို ရောက်လေ့ရှိပါတယ်။ ဒီတစ်ကြိမ် Halving က ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ပြီးဆုံးခဲ့တာဖြစ်လို့ ၂၀၂၅ ခုနှစ်မှာ Bitcoin စျေးနှုန်းဟာ All-Time Highs တစ်ခုကို ထပ်မံ ရောက်ရှိနိုင်တဲ့ အလားအလာရှိနေပါတယ်။
Bitcoin ရဲ့ ဈေးနှုန်းက ဘာကြောင့် ဒီလောက်တက်နေတာလဲဆိုတာကို သိချင်ရင်တော့ On-Chain Metrics လို့ခေါ်တဲ့ အချက်အလက်တွေကို ကြည့်ပြီးလေ့လာသုံးသပ်လို့ရပါတယ်။ ဒါတွေက ဘာလဲဆိုတော့ Bitcoin ရဲ့ လှုပ်ရှားမှုတွေကို အခြေခံပြီး ခန့်မှန်းတဲ့ နည်းလမ်းပါ။
ပထမဆုံးအနေနဲ့ Bitcoin ဝယ်ရောင်းလုပ်တဲ့ Exchange ပေါ်မှာရှိတဲ့ Bitcoin ပမာဏဟာ အရင်ကထက် အများကြီးနည်းနေတာကို တွေ့ရမယ်ဆိုရင် ဒါက ဘာကိုပြလဲဆိုတော့ လူတွေက Bitcoin ကို ဝယ်ပြီး ရေရှည်အတွက် ကိုင်ထားချင်နေကြတာပါ။ “အခုတော့ မရောင်းသေးဘူး၊ ဈေးပိုတက်လာမှ ရောင်းမယ်” ဆိုတဲ့ သဘောပေါ့။ ရောင်းတဲ့သူက နည်းလာတော့ ဈေးက အလိုလို တက်လာတာပေါ့ဗျာ။
ကမ္ဘာ့စီးပွားရေးကို ကြည့်မယ်ဆိုရင်လည်း US Dollar Index (DXY) လို့ခေါ်တဲ့ အမေရိကန်ဒေါ်လာတန်ဖိုးက အားနည်းနေပါတယ်။ ဒေါ်လာတန်ဖိုး ကျလာလေလေ ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာကိုင်မယ့်အစား ရွှေတို့၊ Bitcoin တို့လိုမျိုး တခြားတန်ဖိုးရှိတဲ့ အရာတွေကို ပြောင်းပြီး ကိုင်ထားဖို့ ပိုစိတ်ဝင်စားလာပါတယ်။ ဒါကလည်း Bitcoin ဈေးတက်ဖို့ကို အထောက်အကူပြုနေတာပါ။
ဒီအချက်အလက်တွေအားလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် Bitcoin ဟာ ၂၀၂၅ ခုနှစ်မှာ $125k ကို ကျော်လွန်ဖို့ အလားအလာအလွန်ကောင်းနေပါတယ်။ $125k ဆိုတာကလည်း Ceiling မဟုတ်ဘဲ Next Milestone တစ်ခုလည်းဖြစ်နေနိုင်ပါတယ်။
Trading လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ Binance Account အတွက် ရာသက်ပန် 20% Trading Fees discount ရရှိရန် ဒီ link မှ အကောင့်ဖွင့်ပါ။