ဘယ်အချိန်မှာ Crypto Bubble တွေ ဖြစ်တတ်တာလဲ?
Crypto Bubble ဆိုတာက ဈေးနှုန်းနဲ့ တန်ဖိုးက မကိုက်ညီပဲ အရမ်းမြင့်တက်နေတဲ့ အခြေအနေတစ်ခုကို ဆိုလိုတာပါ။Crypto စျေးကွက်မှာ လူတွေ hype အရမ်းတက်ပြီး အကြောင်းအရင်းမသေချာဘဲ ဝယ်ယူကြတာကြောင့် စျေးမြင့်တက်သွားတတ်ပါတယ်။ဒါပေမဲ့ အဲဒီ project တွေက တကယ်အသုံးဝင်မယ့် feature တွေ မစသေးတာကြောင့် နောက်ပိုင်း hype ကျသွားရင် စျေးကွက်ကလည်း မြန်မြန်ပြန်ကျသွားတက်ပြီး Bubble တွေဖြစ်တက်ပါတယ် ။
ဒါ့အပြင် တူညီတဲ့ idea နဲ့ project တွေ အများကြီး ထွက်လာပြီး socail media တိုင်းမှာ သတင်းတွေ များပြားလာပြီ
လူပြောများလာတဲ့အခါ ဈေးတွေ မြင့်တက်တတ်ပါတယ်။သာဓကအနေနဲ့ကြည့်မယ်ဆိုရင် 2017 ICO bubble နဲ့ 2021 NFT နဲ့ DeFi surge တွေမှာ ဒီလို hypeတွေကြောင့် ဈေးတွေ မြင့်တက်လာပြီး နောက်ဆုံးမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် ဈေးနဲ့တန်ဖိုး မကိုက်ညီဘဲ စျေးတွေ မြန်မြန်တက်လာတဲ့အခါ၊
Project က တကယ်ထုတ်ကုန် (product) မရှိပေမယ့် အလွန်အမင်း ကတိကဝက်တွေ ပေးနေတဲ့အခါ၊
Social Media တွေပေါ်မှာ သတင်းတွေက လူပြောများပြီး hype ဖြစ်နေတဲ့အခါတွေမှာ Crypto Bubble တွေဖြစ်တက်တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။
Crypto Trader တွေ Investor တွေ အနေနဲ့ Token တစ်ခုကို ဝယ်တော့မယ်ဆိုရင် Project ရဲ့ အခြေခံအချက်အလက်တွေ (team, use case, roadmap) ကို စစ်ဆေးပြီးမှ ဝယ်သင့်ပါတယ် ။ဒါ့အပြင် Coin တစ်မျိုးတည်းကို ဝယ်ကိုင်ထားမျိုးထက် အလားလာရှိတဲ့ Coin 4မျိုး 5မျိုးလောက်ကို စမ်းကြည့်သင့်ပြီး စျေးတက်လာတဲ့အခါ တချို့တစ်ဝက်ကို ထုတ်ရောင်းပြီး အမြတ်ယူထားသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ Crypto Bubble တွေပေါ်လာနိုင်တဲ့ အခြေအနေမျိုးတွေမှာ
Crypto Trader တွေ Invetor တွေ အနေနဲ့ သတိထားပြီး အရောင်းအဝယ် လုပ်သင့်ပါတယ်။
#BinanceSquareFamily
#BinanceSquareTalks
#UpdateAlert
#NewATH