အငြင်းပွားစရာ အချက်တွေများစွာနဲ့ ထရန့်ဖြစ်ချင်တာတခုကို အတည်ပြုလိုက်ကြပါပြီ။ ပညာရှင်တွေကတော့ ရေရှည်မှာ ပိုဆိုးတဲ့အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဒါဟာ ထရန့်သက်တမ်းကုန်မှ ဖြစ်လာမယ့်ကိစ္စဆိုတော့ လောလောဆယ်မှာတော့ နေသာသပ လေညှာကပါပဲ။ လက်ငင်းသက်ရောက်မှုက crypto တွေကို ဈေးကျစေသလား မပြောတတ်ပါဘူး။ ကွိုင်အများစု ဈေးတွေဆင်းနေပါတယ်။ BTC ATH မဖောက်နိုင်ပဲ ပြန်ဆင်းလာပါတယ်။ ဒီရက်ပိုင်း ကမ္ဘာ့ရေးရာ တိမ်သလ္လာကင်းရင်တော့ ပြန်တက်ကောင်းတက်နိုင်ပါတယ်။ CZ က BTC ကို 150,000 ဝန်းကျင် လေသံပစ်ထားတဲ့အတွက် ဝေလတွေ ဈေးကစားကြမယ် ထင်ပါတယ်။ ဒါပေမယ့် အခုဈေးတန်းမှာတော့ ဝယ်ဖို့ရာ ဈေးမြင့်နေပါသေးတယ်။ တချို့ကလည်း 80,000 ထိဆင်းရင် ဝယ်မယ်လို့ ပြောနေကြပါတယ်။ FA တွေနဲ့ crypto ကတော့ ပူးချည်ထားသလိုပါပဲ။ သတင်းဆိုးရင် ကျ၊ သတင်းကောင်းရင် တက်နေတော့တာပါပဲ။ Trader တွေကတော့ သတင်းတွေကို သူမ မျက်နှာထက် ပိုပြီးကြည့်နေရမှာပါ။