#Write2Earn
Binance Square မှာ crypto လောကနဲ့ ပတ်သက်တဲ့ အကောင်းအဆိုး၊ အတွေ့အကြုံ၊ အယူအဆ၊ နည်းစနစ်တွေကို စာတိုရေးတာ၊ ဆောင်းပါးရေးတာ၊ VDO clip တွေတင်တာ စသဖြင့် ပြုလုပ်ရင် reward ပေးတဲ့အစီအစဉ် ရှိတယ်လို့ ဆိုတယ်။ တချို့တွေလည်း $ အနည်းငယ်ရတဲ့ red packet တွေပြကြသလို တချို့ကတော့ ဂဏန်း ၃ လုံးလောက်ရှိတဲ့ 30% commission ပြန်ရတယ်လို့ တင်ကြတာ တွေ့ရပါတယ်။ အဲလောက်အများကြီးရ မရ ကိုယ်တိုင်/ ကိုယ့်မိတ်ဆွေတွေဆီကလည်း မသိရတော့ အတည်ပြုဖို့ခက်ပါတယ်။ အပတ်စဉ် ကြာသပတေးတိုင်းမှာ reward တွေထည့်ပေးတယ်လို့ rule ထဲမှာပြောထားပါတယ်။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်သင့်ပါတယ်။ ကိုယ့်အတွက်ကတော့ airdrop တွေ task တွေလိုက်လုပ်တာထက် ဒီလိုရေးတာက ပိုအဆင်ပြေသလိုပါပဲ။ အခွင့်အလမ်းတခုမို့လို့ စမ်းကြည့်ကြစေချင်ပါတယ်။ အခုစမ်းရေးနေတာ တပတ်လောက်တော့ ရှိပါပြီ။ နောက်အပတ် reward ရခဲ့ရင်လည်း ပြန်ပြောပြပါမယ်။