Binance App Update မှာ UI (User Interface) အသစ်ကိုမိတ်ဆက်ခဲ့တာသတိထားမိကြပါသလား?

Icon တွေကတော့ ပြောင်းသွားတာ တလလောက်ရှိပြီဖြစ်ပြီး နောက်ဆုံး update မှာတော့ home screen မှာ customize လို့ရအောင်ပါ ပြင်ဆင်ပေးလာပါတယ်။
Binance အဆိုအရတော့ ဒီ UI အသစ်ထဲမှာ AI နည်းပညာ ပါဝင်လာတာကြောင့် ကိုယ့်ရဲ့ Usage Pattern တွေ၊ Activity နဲ့ Region တွေပေါ်မူတည်ပြီး For You Tab ထဲမှာ ကိုယ့်အတွက်သီးသန့် tool တွေကိုပြသပေးနိုင်မယ်လို့ ဆိုပါတယ်။
Homepage မှာဆိုရင်
ETF Net Flow
Fear & Greed Index နဲ့
Copy Trading
တို့လိုမျိုး အသုံးဝင်တဲ့ widget တွေကို Drag & Drop နည်းနဲ့ ကိုယ်ကြိုက်သလို ပြင်ဆင်နိုင်အောင် ပြုလုပ်ထားပါတယ်။
Icon တွေပြောင်းလိုက်တဲ့အတွက် Visual Design တွေလည်း သပ်သပ်ရပ်ရပ်ဖြစ်လာပေမယ့် အရင် icon design တွေနဲ့ ရင်းနှီးနေပြီးသား user တွေအတွက်တော့ မြင်ရတာ အသားကျဖို့ အချိန်တခုယူရနိုင်ပါတယ်။ ထူးခြားချက်တခုကတော့ iOS အသုံးပြုသူတွေအတွက် Midnight Black Mode ထည့်သွင်းပေးထားတာဖြစ်လို့ ရိုးရိုး dark mode တင်မဟုတ်ဘဲ dark mode pro max၊ မည်းနက်နေတာကိုမှ ကြိုက်သူတွေအတွက် အဆင်ပြေစေပါတယ်။ Design တွေပြောင်းသွားပေမယ့် အချို့နေရာတွေမှာတော့ UX အားနည်းချက်တွေရှိနေသေးပြီး ဥပမာ နေရာတိုင်းမှာ သုံးနေရတဲ့ QR code scanner ကို home page မှာ တခါတည်းတင်ပေးထားရမယ့်အစား Profile ထဲကနေမှ scan ဖတ်လို့ရနိုင်အောင် လုပ်ပေးထားတာကတော့ သိပ်သဘောမတွေ့လှပါဘူး။
ဒီလို ကြိုက်တာတွေ၊ မကြိုက်တာတွေကို ဝေဘင်နိုင်ဖို့အတွက် Binance app အသစ်ကို update လုပ်လိုက်ကြပါဦး။ Update တင်ပြီးသွားရင်လည်း ဘာတွေပိုကြိုက်လာပြီး ဘာတွေမကြိုက်ဘူးလဲဆိုတာ မျှဝေပေးခဲ့ကြပါဦး။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL