$1,000 ပေးမယ်၊ ဘာတွေဝယ်မလဲ?
$1,000 ပေးမယ်၊ ဘာတွေဝယ်မလဲ?
မိဘတွေကို လိုချင်တာ ဝယ်ပေးမယ်၊ PC ဆင်မယ်၊ iPhone ဝယ်မယ်၊ ခရီးတွေထွက်ပစ်မယ်၊ ရည်းစားလေးကို အမ်းပစ်မယ် လို့ ဖြေကြသူတွေ အတော်များမယ်ထင်ပါတယ်။
.
တကယ်တော့ $1,000 ကို crypto တွေ သာ ဝယ်ရမယ်ဆို ဘာ cryptocurrency တွေ ဝယ်ထားချင်လဲလို့ မေးတာပါ။ $1,000 ဆိုတာထက် ကိုယ့်လက်ထဲမှာ ရှိတဲ့ငွေ 100% မှာ ဘယ် crypto အတွက် ဘယ်လောက် % သုံးချင်လဲလို့ မေးတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ 2025 ခုနှစ်ဟာ Bitcoin နဲ့ stablecoin တွေရဲ့ နှစ်လို့ဆိုရလောက်အောင် ဒီအမျိုးအစားနှစ်ခုကပဲ သတင်းတွေအတော်များများကို ကြီးစိုးထားနိုင်ပါတယ်။
.
ဒါပေမယ့်လည်း 2021 bull market နဲ့ မတူတဲ့ project အသစ်တွေ၊ ဆန်းသစ်မှုတွေကိုလည်း altcoin project တွေမှာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။ ဒါကြောင့် 2025 ခုနှစ်မှာ ကိုယ့်ရဲ့ portfolio ကို % တွေအလိုက်ခွဲမယ်ဆိုရင် ဘယ်အတွက် ဘယ်လောက်သုံးချင်လဲဆိုတာကို ဒီဆောင်းပါးမှာ အတူတူမျှဝေကြပါမယ်။
Trump Effect
ကျနော့်အနေနဲ့ဆိုရင်တော့ Trump ရဲ့ trend ကြောင့် ရှေ့ဆုံးကပြေးနေတဲ့ Bitcoin ကို များများ ဝယ်စုထားချင်ပါတယ်။ Trump ကိုယ်တိုင်သုံးနှုန်းထားတဲ့ "Trump Effect" ကြောင့် Bitcoin ကို ကမ္ဘာတလွှားမှာ လူတွေ အတော်လေးသတိထားမိလာကြပါပြီ။ ကမ္ဘာ့နိုင်ငံတွေအတော်များများမှာ Bitcoin အပါအဝင် cryptocurrency တွေကို ဥပဒေနဲ့အညီခွင့်ပြုပေးဖို့ ဥပဒေအသစ်တွေလည်း ရေးဆွဲလာကြသလို အရင်လိုမျိုး ခါးခါးတူးတူး ငြင်းပယ်ထားတာမျိုး မဟုတ်ဘဲ သုံးချင်သူတွေလည်း အဆင်ပြေ၊ နိုင်ငံအတွက်လည်း အကျိုးရှိအောင် ဥပဒေတွေရေးဆွဲလာနေကြတာကို တွေ့ရပါတယ်။
.
ဒါကြောင့် cryptocurrency တွေအားလုံးကို အစပျိုးပေးခဲ့တဲ့ Bitcoin ဟာ အခုချိန်မှာ နိုင်ငံတကာရဲ့ လက်ခံလာမှုအပြင် စီးပွားရေးလုပ်ငန်းစုကြီးတွေကလည်း Bitcoin ကို $ billion နဲ့ချီဝယ်စုလာမှု၊ 21 million သာထွက်မယ့် Bitcoin ရဲ့ ကန့်သတ် supply ကြောင့် ရေရှည်မှာ တန်ဖိုးတက်လာမယ်လို့ လူအများက ယုံကြည်ထားကြမှုဆိုတဲ့ အချက်တွေဟာ Bitcoin ကို အချိန်နဲ့အမျှ တန်ဖိုးရှိလာစေပါတယ်။ ဒါကြောင့် ကျနော်ကတော့ Bitcoin ကို portfolio ရဲ့ 20% လောက်အထိကို ပေးထားချင်ပါတယ်။
.
နောက်တခုကတော့ Bitcoin ရဲ့ နောက်က marketcap အကြီးဆုံး Ethereum ပါ။ နောက်ပေါက် blockchain တွေ ဘယ်လောက်ပဲကောင်းကောင်း၊ Ethereum ရဲ့ ecosystem ကြီးကိုတော့ မယှဉ်နိုင်ကြသေးသလို DeFi (Decentralized Finance) နဲ့ NFT လောကရဲ့ ဘုရင်ဖြစ်နေဆဲပါ။ ဒါ့အပြင် ခေတ်နဲ့အညီ လိုက်ပြီး update အသစ်တွေလည်း ထပ်ထပ်ထွက်နေဆဲဖြစ်လို့ Ethereum ဟာလည်း portfolio ထဲ မထည့်ဘဲ ချန်မထားခဲ့သင့်တဲ့ cryptocurrency ပါ။ ဒါကြောင့် portfolio ရဲ့ 10% ဟာ အိလေးအတွက်ဖြစ်ပါတယ်။
.
တတိယတခုကတော့ Binance ရဲ့ BNB ပါ။ Binance exchange ရှိနေပြီး ကောင်းကောင်းမွန်မွန်လည်ပတ်နေသမျှ BNB ဟာ ရွှေထီးဆောင်းနေဦးမှာပါပဲ။ Binance exchange ပေါ်မှာ ဖန်တီးပေးထားတဲ့ BNB holder တွေအတွက် launchpool၊ HODLer airdrop တို့လိုမျိုး အထူးအခွင့်အရေးတွေနဲ့ Binance Smart Chain ပေါ်က dApp တွေဟာ BNB ကို စင်ပေါ်ရောက်နေစေတဲ့ အဓိကထောက်တိုင်ကြီးတွေပါ။ ဒါ့အပြင် Binance ဟာလည်း တရားစွဲခံရပြီးတည်းက ဥပဒေလိုက်နာရေးအပိုင်းတွေ၊ user fund စီမံခန့်ခွဲရေးအပိုင်းတွေကို အရင်ထက် ဖိဖိစီးစီးလုပ်လာနေတာကြောင့် အရင်ကထက်ပိုခိုင်မာလာနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Binance ကောင်းကောင်းလည်ပတ်နေသရွေ့ BNB ဟာလည်း စင်ပေါ်ကဖြစ်နေဦးမှာကြောင့်နဲ့ BNB ကိုင်ထားရင် ပြန်ရနိုင်တဲ့အကျိုးအမြတ်တွေကြောင့် portfolio ရဲ့ 15% ဟာ BNB အတွက်ပါ။
.
BNB ပြီးရင်တော့ ကိုစိုးကြီးအလှည့်ဖြစ်ပါတယ်။ 2021 bull market မှာ $200 ကျော်အထိ တက်ပြခဲ့ပြီးနောက် bear market ရောက်ချိန်မှာတော့ $10 အောက်အထိ ဆင်းသွားခဲ့တာကြောင့် ကိုစိုးကြီးကိုတော့ ပစ်လိုက်ရပြီထင်ခဲ့ကြပေမယ့် 2025 bull market မှာ $280 ကျော်အထိ ပြန်တက်ပြနိုင်ခဲ့ပါတယ်။ 2022 ခုနှစ်မှာ Solana NFT Collection တခေတ်နဲ့ NFT maxi တွေကို ချုပ်ထားနိုင်ခဲ့သလို 2024 ခုနှစ်မှာတော့ Solana ဖုန်းပါထုတ်ခဲ့ပြီး Solana memecoin တွေနဲ့ ကိုစိုးကြီးတခေတ်ဆန်းပြနိုင်ခဲ့တာကြောင့် ကိုစိုးကြီးဟာ မေ့ထားလို့မရတဲ့ altcoin ပါ။ ဒါကြောင့် portfolio ရဲ့ 10% ဟာ ကိုစိုးကြီးအတွက်ပါ။
.
နောက်ပေါက် blockchain တွေထဲမှာ အကြိုက်တွေ့မိတဲ့ blockchain တွေအနေနဲ့ Sui နဲ့ TON တို့ ရှိပါတယ်။ Sui ကတော့ 2024 ခုနှစ်အတွင်းမှာ ecosystem ချဲ့ထွင်မှုတွေနဲ့အတူ development အသစ်တွေ၊ ဆန်းသစ်တီထွင်မှုအသစ်တွေကိုချပြနိုင်ခဲ့တဲ့ blockchain တခုပါ။ TON ကတော့ Telegram ကြီးတခုလုံးကို အမှီပြုပြီး user base ရော၊ ecosystem ပါ တောင့်တင်းနေတဲ့ blockchain ဖြစ်ပါတယ်။ ဒါကြောင့် Sui အတွက် 7% နဲ့ TON အတွက် 3% သုံးပါမယ်။
.
အခုဆိုရင် 65% အထိကို သုံးခဲ့ကြပြီးပါပြီ။ ကျန်တဲ့ 35% မှာ 10% ကိုတော့ stablecoin တွေပဲ ကိုင်ထားချင်ပါတယ်။ အကြောင်းရင်းကတော့ trend အသစ်တခုနောက်ကပါလာတဲ့ cryptocurrency တွေကို ဖမ်းဝယ်ဖို့အတွက် ပိုက်ဆံမကျန်တော့မှာစိုးလို့ပါ။ ထပ်ဖယ်ချင်သေးရင်တော့ stablecoin 10% ထဲက 5% ကို PAXG လိုမျိုး stablegold တွေ ဝယ်ကိုင်လို့ရပါသေးတယ်။
.
ဒါဆိုရင် 25% ကျန်ပါမယ်။ 25% ထဲက 10% ကို AI token တွေမှာ သုံးလိုက်ပါမယ်။ ယနေ့ခေတ်သည် AI ခေတ်လို့ ဆိုရအောင်ကို ဉာဏ်ရည်တုနည်းပညာတွေဟာ ကျနော်တို့ နေ့စဉ်ဘဝရဲ့ တစိတ်တပိုင်းဖြစ်လာပါပြီ။ ဒါကြောင့် AI ကို သေချာအသုံးချထားတဲ့ token တွေဟာ အနာဂတ်မှာ အလားအလာရှိလာမယ်လို့ ယူဆတာကြောင့် 5% ကို FET နဲ့ RNDR တို့လိုမျိုး AI token တွေအတွက် ဖယ်လိုက်ပါတယ်။
.
နောက်ထပ် 10% ကိုတော့ RWA token တွေအတွက် သုံးပါမယ်။ အခုချိန်မှာ စီးပွားရေးလုပ်ငန်းကြီးတွေဟာ tokenization ကို အတော်စိတ်ဝင်စားလာနေကြပြီး Real World Asset တွေကို blockchain ပေါ်တင်ပြီး trade နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေလာနေကြပါတယ်။ ဒါပေမယ့် RWA token တွေဟာ ဥပဒေကြောင်းအရ ရှုပ်ထွေးနိုင်နေသေးတယ်လို့ ယူဆတာကြောင့် 10% လောက်ပဲ သုံးဖို့ စဉ်းစားပါတယ်။
.
နောက်ဆုံး 5% ကတော့ memecoin တွေနဲ့ အခြား ရာသီစာ coin အသေးလေးတွေအတွက်ပါ။ နာမည်ကသာ memecoin တွေဆိုပေမယ့် DOGE တို့၊ WIF တို့ဆိုတာ လူအတော်များများကို သူဌေးဖြစ်သွားစေခဲ့တာကြောင့် ဒီလို coin အသေးလေးတွေကို ဝယ်ဖို့အတွက် ထီလက်မှတ်ဖိုးလောက်ဖြစ်ဖြစ် ချန်ထားတဲ့သဘောပါပဲ။
ဒါဆိုရင် 100% ပြည့်သွားပါပြီ။
ခွဲတမ်း
ပြန်အနှစ်ချုပ်ကြည့်မယ်ဆိုရင် ခိုင်မာပြီးသား project ကြီးတွေမှာ 55%၊ အလားအလာရှိတဲ့ project တွေမှာ 30%၊ stablecoin တွေအတွက် 10% နဲ့ memecoin လိုမျိုး coin အသေးလေးတွေအတွက် 5% ဆိုပြီး အမျိုးအစားခွဲလိုက်လို့ရပါတယ်။
ဒါကတော့ Myan Crypto ရဲ့ $1,000 portfolio ခွဲတမ်းဖြစ်ပါတယ်။
.
ကိုယ့်လူတို့ရဲ့ 2025 crypto portfolio ကိုလည်း မျှဝေပေးခဲ့ကြပါဦး။ တခုသတိပေးချင်တာကတော့ ဒီဆောင်းပါးဟာ Financial advice ပေးတဲ့ ဆောင်းပါးမဟုတ်သလို cryptocurrency တွေဟာလည်း အတက်အကျကြမ်းတဲ့ သဘောရှိတာကြောင့် ကိုယ်ဝယ်ချင်တဲ့ cryptocurrency ကိုလည်း ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL