DCA ဆိုတာဘာလဲ?

DCA (Dollar-Cost Averaging) ဆိုတာကတော့ Crypto Market ကြီးဈေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ Crypto Coin တစ်မျိုး (သို့) တစ်မျိုးထက်ပိုတဲ့ Coin တွေကို အချိန်တစ်ခု ရက်တစ်ခုသတ်မှတ်ပြီး 4နာရီတစ်ခါ 20$ ဖိုး တစ်ပတ်20$ဖိုး တစ်လ 50$ဖိုး သတ်မှတ်ပြီး ဈေးတက်တက်ကျကျ၀ယ်သွားတဲ့နည်းကိုဆိုလိုတာပါ။

DCA ကိုဘာကြောင့်လုပ်သင့်လဲ?

ကိုယ်ကရေရှည် Coin တွေကို HODL မယ်ဆိုရင်အဆင်ပြေတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ဈေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်မျိုးမှာ ဈေးအမြင့်မှာ အလုံးအရင်းနဲ့၀ယ်လိုက်တဲ့အခါ Loss ဖြစ်တာမျိုးတွေကြုံရနိုင်ပါတယ်။ DCA နည်းနဲ့၀ယ်မယ်ဆို Risk Control လည်းလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Risk-Free တော့မဟုတ်ပါ။

DCA လုပ်တဲ့အခါမှာ ကိုယ် ရွေးချယ်မဲ့ Coin/project တွေကခိုင်မာဖို့လည်းအဓိကကျပါသေးတယ်။ Potential ရှိတဲ့ Coin မျိူးတွေကိုပဲအဓိကထားလုပ်စေချင်ပါတယ်။(ဥပမာ- BTC , ETH)

ကိုယ်ကဒီ Coin / Project တစ်ခုကိုစတင် DCA လုပ်မယ်ရင်လည်းဒီ Coin/Project က Strong ဖြစ်ရဲ့လား ၊ Potential ကောရှိရဲ့လားဆိုတာအရင်သိထားဖို့လိုပါသေးတယ်။

DCA နည်းဟာဆိုရင် Long term investment လုပ်ဖို့အတွက်လည်းသင့်လျော်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ DCA ကိုပုံမှန်လုပ်သွားရင် အချိန်တစ်ခုရောက်တဲ့အခါ ကောင်းမွန်တဲ့အမြတ်တစ်ခု ရလဒ်တစ်ခုကို ပေးနိုင်မှာဖြစ်ပါတယ်။

Binance မှာ DCA ဘယ်လိုလုပ်မလဲ?

Binance App >> Trade >> Convert >>Recurring ကနေလုပ်လို့ရပါတယ်။

ပထမဆုံးကိုယ်ဘယ် Coin ကနေဘယ် Coinကို ၀ယ်မလဲဆိုတာပါအများဆုံးအသုံးပြုကြတာတော့ USDT , USDC နဲ့ FDUSD တို့ပါ။

From မှာ Stable Coin (USDC , USDT , FDUSD ) ရွေးပါ။

To မှာ BTC တစ်ခုထဲ DCA လုပ်မလား ၊ ဒါမှမဟုတ် Add ကိုနှိပ်ပြီး BTC , BNB , ETH သုံးခုလုပ်မလားရွေးပါ။ Percentage တွေကတော့အချိုးကျ၀ယ်ပေးမယ့် သဘောဖြစ်ပါတယ်။ BTC 50% ဖိုး BNB 25% ETH 25% ဖိုး ဆိုပြီးကိုယ်ပို၀ယ်ချင်တဲ့ Coin ကို Percentage ပြောင်းပြီးထားလို့ရပါတယ်။

Frequency မှာဆိုရင်ကိုယ်က ဘယ်အချိန်မှာ ၀ယ်မလဲဆိုတာကို ရွေးချယ်ပေးရပါဖြစ်ပါတယ်။

Plan name ကတော့အဆင်ပြေတာထားပါ။

Assets Destination မှာဆိုရင် တော့ကိုယ် DCA လုပ်ထားတဲ့ Coin ကို Spot ထဲထားမလား၊ Earn ထဲထည့်ပြီးအတိုးယူသွားမလားဆိုပြီးသတ်မှတ်လို့ရပါတယ်။

အပေါ်ကအချက်တွေထည့်ပြီး ကိုယ်စိတ်တိုင်းကျပြီဆိုလျှင် Confirm နှိပ်ပေးလိုက်လို့ရပါပြီ။

#DCA #BinanceSquare #BinanceMyanmar