Binance ရဲ့ Airdrop တွေလုပ်ဖူးရင် Tokenomics မှာ Supply ဘယ်နှသန်းရှိပေမဲ့၊ အခုချက်ချင်းအဲ့ဒီပမာဏအားလုံးကို List မှာမဟုတ်ပဲ၊ နှစ်ဘယ်လောက်ကြာမှ Unlock မယ်ဆိုတာမျိုး မြင်ဖူးမယ်ထင်တယ်။ ဒီနေ့မှာ အဲ့ဒီအကြောင်းအပြင်၊ Unlock တာကြောင့် ဈေးတက်မလားကျမလား၊ Unlock မဲ့အချိန်ကိုဘယ်လိုကြည့်ရမလဲဆိုတာပါ နားလည်သွားအောင် ပြောပြပေးချင်ပါတယ်။ 

“Token Unlocks ဆိုတာဘာလဲ?”

Crypto ပရောဂျက်အသစ်တွေ စတင်တဲ့အခါ၊ သူ့မှာရှိတဲ့ Token ပမာဏတစ်ခုလုံးကို တစ်ခါတည်း မဖြန့်ဝေကြပါဘူး။ Token စုစုပေါင်းထဲက အနည်းငယ်ကို Project အဖွဲ့ဝင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ဒါမှမဟုတ် အကြံပေးတွေက  ပိုင်ဆိုင်ပြီး တစ်ချိန်တည်းမှာ မဖြန့်ဝေဘဲ “Lock” လုပ်ထားတတ်ကြပါတယ်။ အချိန်တစ်ခုရောက်မှ (များသောအားဖြင့် တစ်နှစ်ခန့်) Lock ကိုဖြေပြီး ဖြန့်ဝေကြတယ်။ ဒါကို Token Unlock လို့ခေါ်ပါတယ်။

Token Unlock များကို အချိန်ဇယားတစ်ခုအတိုင်း   (Schedule) ချမှတ်ပြီး ဖြန့်ဝေပါတယ်။

“Token Unlocks က Crypto ဈေးအပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ?”

Token Unlock တွေက Crypto ဈေးကို ထိခိုက်နိုင်ပါတယ်။ အကြောင်းကတော့ Token  လည်ပတ်နေတဲ့ ပမာဏထက်ပိုမြင့်သွားလို့ပါ။ 

Token တွေ ပိုများလာတာနဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံသူတွေ သို့မဟုတ် အဖွဲ့ဝင်တွေ ထုတ်ရောင်းလိုက်ရင် ရောင်းတဲ့သူပိုများလာလို့ ဈေးကျဆင်းနိုင်ပါတယ်။

တစ်ခုပဲ သိထားရမှာက — Unlock ဆိုတာလို့မကြားတာနဲ့ “ဈေးကျမယ်” လို့ 100% တေ့ာမဟုတ်ဘူး။ Market အခြေအနေနဲ့ တခြားအကြောင်းအရာတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ 

“ဥပမာတချို့” 

Token unlocks တွေက ဈေးနှုန်းတွေကို ဘယ်လို အကျိုးသက်ရောက်စေကြောင်း ဥပမာတချို့ကို ကြည့်ရင် နားလည်ပါလိမ့်မယ်။ 

  • TRUMP Token: Token Unlock ပြီးနောက် ဈေးနှုန်းတက်ခဲ့တာက Trump ရဲ့ နိုင်ငံရေးဩဇာကြောင့်ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ထပ်ပြီး Token Supply တက်လာတဲ့အတွက် ဈေးနှုန်းပြန်ကျသွားခဲ့ပါတယ်။

  • ALT (AltLayer): ALT Token ကို  2024 အစောပိုင်းမှာ Unlock ပြီးနောက် ဈေးအနည်းငယ်ကျဆင်းခဲ့တာက အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေ ထုတ်ရောင်းလိုက်လို့ပါ။

  • Plume Network: Token Unlockပြုလုပ်ပြီးတာနဲ့ ဈေးကျသွားတာမျိုး မဖြစ်ခဲ့ဘူး။ ဈေးက တည်ငြိမ်နေတယ်။ အကြောင်းက Unlock လုပ်ထားတဲ့ Token တွေကို ရောင်းဖို့တွက် မဟုတ်ဘဲ၊ Staking Rewards ပေးဖို့အတွက် ထုတ်ပေးတာ ဖြစ်တာကြောင့်ဖြစ်ပါတယ်။ 

  • Scroll: Token Unlock ဖြစ်တဲ့အချိန်မှာ ဈေးနည်းနည်း လှုပ်ရှားခဲ့တယ်။ ဒါပေမဲ့ အရမ်းမကျခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့— Scroll ကို သုံးနေတဲ့ User တွေ များလာတာနဲ့ အနာဂတ်မှာ တိုးတက်လာနိုင်တဲ့ Plan တွေရှိလို့ပါ။ လူတွေက Project အပေါ် ယုံကြည်မှုမလျော့ဘူး။ အဲ့ဒီအတွက်ကြောင့်ပဲ Unlock လုပ်ပေမဲ့ ဈေးမကျခဲ့တာဖြစ်ပါတယ်။ 

ဒီဥပမာတွေက ဆိုလိုတာကတော့ Unlock လုပ်တဲ့ Project ကဘယ်လို Strong ဖြစ်လဲ၊ ရင်းနှီးမြှုပ်နှံသူတွေက အဲ့ဒီ Project အပေါ် ယုံကြည့်မှု အပေါ်မူတည်ပါတယ်။

“Token Unlocks အချိန်ဇယားကို ဘယ်လို စစ်ဆေးမလဲ?”

Token Unlock ကြောင့် Crypto ဈေးအတက်အကျကို ကြိုတင်ပြင်နိုင်ဖို့  Trader တွေက Token Unlock Calendar ကို စောင့်ကြည့်ကြပါတယ်။

  1. Token Unlock Trackers အသုံးပြုပါ:

    - TokenUnlocks.app ကတော့ သုံးရတာ အခမဲ့ပါ။ Real-Time Tracker ရှိပြီး Unlock များကို စောင့်ကြည့်နိုင်ပါတယ်။

    - CryptoRank.io မှာကတော့ Token Unlocks တွေအတွက် Calendar ရှိပါတယ်။

  2. Project Docs ကို ဖတ်ပါ:

    ပရောဂျက်အများစုက သူတို့ရဲ့ Vesting အချိန်ဇယားကို သူတို့ရဲ့ Whitepaper ဒါမှမဟုတ် Tokenomics အကြောင်းရေးထဲတဲ့စာမျက်နှာမှာ ရေးထားတတ်ပါတယ်။

  3. Whale Wallets ကို လိုက်စောင့်ကြည့်ပါ

    အချို့သော Token အများကြီးကိုင်ထားတဲ့ Wallet တွေဟာ အစောပိုင်းရင်းနှီးမြှုပ်နှံသူများရဲ့ Wallet တွေဖြစ်ပါတယ်။ အဲဒီ Wallet တွေကို စောင့်ကြည့်နိုင်ပါတယ်။ 

ကိုယ်က ရေတိုပဲကြည့်တဲ့ Trader ဖြစ်စေ၊ သို့မဟုတ် ရေရှည်ကြည့်တဲ့ Investor ဖြစ်စေ Unlock တွေက်ု စောင့်ကြည့်တာက 2025 မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။

Crypto လောကအတွက် အရေးကြီးတဲ့ Update တွေကို လေ့လာချင်တယ်ဆိုရင် Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့။

Disclaimer ⚠️

Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို့ အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို့ သတိထားပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။  ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။

👉 Binance Account မရှိသေးဘူးဆိုရင်

ဒီလင့်ကိုအသုံးပြုနိုင်ပါတယ် –

🔗 Binance Registration Link 

https://accounts.binance.info/en/register?ref=HKGNEVE8 

💳 Referral Code: HKGNEVE8

ကျွန်တော့် လင့်ကနေ ဖွင့်လိုက်ရင် –

✅ ပုံမှန် Referral တွေနဲ့မတူပဲ Official Partner ဖြစ်တဲ့အတွက်

✅ Binance ရဲ့ နောက်ထပ် Exclusive Campaign တွေမှာ ပါဝင်ခွင့် ရနိုင်မဲ့အပြင်

✅ Trading လုပ်တိုင်း ကျသင့်မယ့် Fees တွေမှာ Life Time Discount 20% ရရှိမှာဖြစ်ပါတယ်။ 


#BeginnerGuide #tokenunlocks #Vesting