Binance ရဲ့Launchpool အစီအစဥ် လာပါပြီနော်။ ဒီတစ်ခါကတော့ Space and Time လို့ခေါ်တဲ့ decentralized data warehouse project လေးကို မိတ်ဆက်ပေးထားပါတယ် ။ warehouse ဆိုတဲ့အတိုင်း  smart contract တွေ၊ AI model တွေ၊ business တွေအတွက် blockchain data တွေ၊ off-chain data တွေကို သိမ်းဆည်းပေးတာ၊ ချိတ်ဆက်ပေးတာတွေနဲ့ ဝန်ဆောင်မှုပေးမှာပဲ ဖြစ်တယ်။
SXT က support ပေးထားတဲ့ blockchain တွေထဲမှာတော့ Ethereum, Bitcoin, Polygon လို senior Blockchain တွေအပြင်၊ Sui, Sei နဲ့ Aptos လို  blockchain လေးတွေလည်း ပါဝင်တယ်။

SXT က on-chain နဲ့ off-chain နှစ်ဖက်လုံးမှာအလုပ်လုပ်တာမလို့ data ကြီးကြီးတွေကို off-chain မှာ စနစ်တကျ process လုပ်ပြီး on-chain ပြန်ချိတ်တယ်။ ဒါကြောင့်မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်မယ့် system တစ်ခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။

အခု SXT ရဲ့ funding ကိုကြည့်ရင်တော့ $50 million လောက် ရှိနေပြီ။ Microsoft, Chainlink, Polygon လို လုပ်ငန်းစုကြီးတွေကလည်း  ရင်းနှီးမြှုပ်နှံထားပါတယ် ။

SXT ဆိုတာကတော့ Space and Time ရဲ့ native token ဖြစ်ပြီး staking, gas fee, delegation reward တွေအတွက် သုံးမယ့် token ပဲဖြစ်တယ်။ deflation mechanism လည်းပါတာမို့ အသုံးပြုတဲ့ SXT တချို့က burn သွားမှာဖြစ်ပါတယ်။ Total supply က 5 billion ပါ၊ Binance မှာ list ပြီးရင် circulating supply က 125 million ဖြစ်လာမှာပါ။

Launchpool ကတော့ BNB သုံးသူတွေအတွက် ရည်ရွယ်ထားတာမို့ BNB pool မှာ 25,500,000 SXT ပါဝင်တယ်။ FDUSD pool မှာ 1,500,000 SXT ပါ၊ USDC pool မှာတော့ 3,000,000 SXT ပါ။
ဒါကြောင့်  BNB တွေကို stake လုပ်ပြီး farm လုပ်ရင် BNB ပမာဏကြီးလေ SXT ရလဒ်ကလည်း ကြီးမယ်။ တနာရီကို SXT အများဆုံး 106,250,000 ရနိုင်တယ်။ FDUSD နဲ့ဆို 6,250,000, USDC နဲ့ဆို 12,500,000 အထိရနိုင်တယ်။ May 6 မနက် 6:30 ကစပြီး May 8 မနက် 6:30 အထိ farm လုပ်လို့ရမယ်။ May 8 ညနေ 7:30 မှာတော့ Binance Spot မှာ SXT trading စတင်နိုင်ပါပြီ။#Binance #BinanceSquareTalks #BinanceSquareFamily #BinanceLaunchPool🔥 #BinanceUpdate