MetaMask က Mastercard နဲ့ ကိုယ်ပိုင်ထိန်းသိမ်းနိုင်သော Crypto ကတ်အသစ်ကို မိတ်ဆက်မည်
💳💸အခြေခံသဘောတရား (Beginner များအတွက်)
-MetaMask = Crypto သိုလှောင်ရန် အွန်လိုင်းအိတ်ကပ်တစ်ခု (Digital Wallet)
-Self-Custody= ကိုယ်ပိုင်ထိန်းချုပ်ခွင့် (Exchange တွေမှာမဟုတ်ဘဲ ကိုယ့်လက်ထဲမှာ crypto တွေသိမ်းထားခြင်း)
-Mastercard Crypto Card = Crypto ကိုသုံးပြီး ပုံမှန်ငွေကတ်လို ဝယ်ယူနိုင်မယ့်ကတ်
-Stablecoin = တန်ဖိုးတည်ငြိမ်သော Crypto (ဥပမာ USDT, USDC – ၁ ဒေါ်လာ = ၁ USDT)
✨ဒီသတင်းဟာ crypto ကိုအသုံးပြုပြီး နေ့စဉ်ဘဝမှာ ပိုမိုလွယ်ကူစွာသုံးစွဲနိုင်ဖို့ အခွင့်အလမ်းသစ်တွေကို ဖော်ပြနေပါတယ်။ $BNB
🍀💸Wallet ဝန်ဆောင်မှုပေးသူ MetaMask ဟာ ကိုယ်ပိုင်ထိန်းသိမ်းထားတဲ့ crypto ရန်ပုံငွေတွေကို အသုံးပြုနိုင်မယ့် crypto ငွေပေးချေမှုကတ်တစ်ခုကို မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီကတ်ဟာ Mastercard နဲ့ပူးပေါင်းပြီး CompoSecure နဲ့ Baanx တို့က ဖန်တီးထားတာဖြစ်ကာ၊ smart contracts တွေကိုသုံးပြီး လက်တွေ့ဘဝမှာ ၅ စက္ကန့်အတွင်း ငွေပေးချေမှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီထုတ်ကုန်ဟာ Ethereum ၏ layer-2 scaling solution ဖြစ်တဲ့ Linea network ပေါ်မှာ အလုပ်လုပ်မှာပါ။
MetaMask နဲ့ပါတ်သက်တဲ့ကုမ္ပဏီတွေက ဒီကတ်ကို ဗဟိုချုပ်ကိုင်ထားတဲ့ crypto exchange တွေနဲ့ဆက်စပ်နေတဲ့ အန္တရာယ်တွေရဲ့ အစားထိုးတစ်ခုအနေနဲ့ မောင်းနှင်နေပါတယ်။
ဥပမာ ဖေဖော်ဝါရီလတုန်းက ဒုတိယအကြီးဆုံး exchange တစ်ခုဖြစ်တဲ့ Bybit ဟာ hack ခံရပြီး $၁.၄ ဘီလီယံ ဆုံးရှုံးခဲ့ရပါတယ်။
MetaMask ရဲ့ကတ်အသစ်ဟာ crypto ဈေးကွက်ရဲ့ competitive အပိုင်းတစ်ခုကို ဝင်ရောက်လာတာဖြစ်ပါတယ်။
🚀✨Binance, Bybit, Coinbase နဲ့ Crypto.com တို့လို exchange အကြီးတွေမှာ crypto debit card တွေရှိပြီးသားဖြစ်ကာ အချို့ကတ်တွေမှာ crypto-back rewards တွေပါပါတယ်။
ဒါပေမယ့် MetaMask ဟာ မကြာသေးခင်က Ethereum ecosystem မှာ စိတ်ဝင်စားမှုနည်းပါးလာတာကြောင့် ရုန်းကန်နေရပါတယ်။
Dune Analytics အရ April 14 ရက်အပတ်မှာ MetaMask ရဲ့ fee အမြတ်ငွေဟာ $၂၈၉,၃၁၂ သာရှိပြီး လွန်ခဲ့တဲ့နှစ်က $၁.၃ မီလီယံနဲ့ယှဉ်ရင် သိသိသာသာနည်းနေပါတယ်။
#crypto တွေရဲ့ ငွေပေးချေမှုနယ်ပယ်မှာ Stablecoin နဲ့ BTC တို့အသုံးများလာ
၂၀၂၅ မှာ cryptocurrency တွေရဲ့ အသုံးဝင်မှုဟာ ငွေပေးချေမှုနယ်ပယ်မှာ အမြန်ဆုံးကြီးထွားနေပါတယ်။
-Dorsia လို luxury brand တွေက crypto တွေကို ငွေပေးချေမှုအနေနဲ့လက်ခံလာကြပါတယ်။
-Signal messaging app ဟာ Bitcoin ကို peer-to-peer ငွေလွှဲမှုတွေအတွက် စမ်းသပ်အသုံးပြုဖို့ စဉ်းစားနေပါတယ်။
-New York မှာ Bitcoin နဲ့ အခြား crypto တွေကို ပြည်နယ်ငွေပေးချေမှုတွေမှာ တရားဝင်အသုံးပြုနိုင်ဖို့ ဥပဒေကြမ်းတင်သွင်းထားပါတယ်။
Credit Content by Cointelegraph
#helenthant #MetaMask #cryptocurreny #mastercardcrypto r#bitcoin