Binance Launchpool ပေါ်မှာတော့ အသစ်တဖန် Redstone ဆိုတဲ့ project တခုထပ်မရောက်ရှိလာပါပြီ။ RED project ကတော့ DeFi (Decentralized Finance) ကို blockchain ပေါ်မှာလွယ်ကူစွာနဲ့ မြန်မြန်ဆန်ဆန် သုံးလို့ရအောင် ဖန်တီးထားတဲ့ oracle platform တစ်ခုဖြစ်ပါတယ်။ နောက်ပြီး Ethereum တို့၊ Polygon တို့လိုမျိုး EVM (Ethereum Virtual Machine) compatible chain တွေရော၊ TON တို့လိုမျိုး EVM compatible မဖြစ်တဲ့ chain တွေအတွက်ပါ DeFi ပိုင်းဆိုင်ရာ data solution တွေ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Red Stone ကို အခြားအရာတွေနဲ့ မတူစေတဲ့အချက်ကတော့ Red Stone ဟာ data ကို blockchain ထဲ အမြဲမပြတ်ဆွဲယူနေတာမဟုတ်ဘဲ လိုအပ်မှသာ data ဆွဲထည့်တာဖြစ်ပြီး ဒီလိုလုပ်တကြောင့်ပဲ gas fees တွေလည်း သက်သာစေသလို network ကြပ်တာတွေကိုလည်း ဖြေလျော့ပြီးသားရောက်ပါတယ်။
Red Stone ရဲ့နောက်ထပ်ကောင်းမွန်တဲ့ အချက်တစ်ခုကတော့ EVM ဟုတ်တာတွေရော၊ မဟုတ်တာတွေရောအတွက် သုံးလို့ရနိုင်တာဖြစ်ပြီး project တွေအနေနဲ့ Red Stone ကိုသုံးမယ်ဆိုရင်လည်း သူတို့စိတ်ကြိုက်လိုအပ်သလို ပြင်ဆင်လို့ရနိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။ Red Stone project ရဲ့ funding အနေနဲ့ကတော့ $22.87 million ရှိပြီး funding round 4 ခုအထိ ရှိခဲ့ဖူးတယ်ဗျ။ နောက်ပြီး အဓိကရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ Arrington Capital၊ Amber Group နဲ့ Coinbase Ventures တို့လို လုပ်ငန်းစုကြီးတွေပါ ပါဝင်ပါတယ်။
Red Stone အနေနဲ့ လက်ရှိမှာတော့ Binance လို Exchange ကြီးပေါ်မှာပါ Launchpool အနေနဲ့ရောက်ရှိလာခဲ့ပါပြီ။ RED ကတော့ Red Stone ရဲ့ native token ဖြစ်ပြီး native token တို့ရဲ့ ထုံးစံအတိုင်း governance အတွက်၊ staking အတွက်နဲ့ platform ပေါ်မှာ လုပ်သမျှအရာရာတိုင်းအတွက် သုံးလို့ရနိုင်နေမှာပါ။ RED ရဲ့ total supply ကတော့ 1 billion ဖြစ်ပြီး Binance ပေါ်မှာ list ပြီးနောက်မှာ circulating supply ဟာ 280 million ရှိလာမှာဖြစ်ပါတယ်။
Tokenomics တွေအနေနဲ့ကတော့
အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေအတွက် 31.7%
Core Contributor တွေအတွက် 20%
Binance Launchpool အတွက် 4%
Community နဲ့ Genesis အတွက် 10%
Ecosystem နဲ့ data backer တွေအတွက် 24.3%
Protocol development အတွက် 10% စီ သတ်မှတ်ပေးထားပါတယ်။
Binance Launchpool ပေါ်မှာကတော့ 2025 ခုနှစ် February လ 26 ရက်နေ့ မနက် 6 နာရီခွဲကနေ စလို့ February လ 28 ရက်နေ့ မနက် 6 နာရီခွဲအထိ BNB၊ USDC နဲ့ FDUSD တို့ကို stake ပြီး RED token တွေ farm လို့ရနိုင်မှာဖြစ်ပါတယ်။ Binance Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 32,000,000 RED အထိ ပါဝင်ပြီးတော့ FDUSD နဲ့ USDC pool ထဲမှာတော့ 4,000,000 RED စီ အသီးသီးပါဝင်ပါတယ်။ ဒါကြောင့် BNB တွေ stake ပြီး farm ရင်တော့ BNB ပမာဏများရင်များသလို RED တွေရနိုင်မှာဖြစ်ပြီး FDUSD နဲ့ farm ရင်တော့ရရှိမဲ့ RED ပမာဏက BNB နဲ့ တူညီမှာမဟုတ်ပါဘူး အထိ။
February လ 28 ရက်နေ့ ညနေ 4 နာရီခွဲမှာတော့ Binance Spot ထဲက Pre-Market ထဲမှာ RED ကို စတင် trade လို့ရနိုင်မှာပါ။ ဒီတခေါက် pre-market ဟာ အရင်လိုမဟုတ်တော့ဘဲ ကန့်သတ်ချက်လေးတွေ ပါဝင်လာပါတယ်။ Price-Cap mechanism ဆိုတဲ့ feature တခု ပါဝင်လာပြီးတော့ pre-market စပြီးနောက် ပထမ 72 နာရီ အတွင်း trading လုပ်ခွင့်ရတဲ့ ဈေးတွေဟာ အကန့်သတ်ရှိနေမှာပါ။ 28 ရက်နေ့ 4 နာရီခွဲကနေ 1 ရက်နေ့ 4 နာရီခွဲအတွင်းမှာ pre-market အဖွင့်ဈေးရဲ့ 200% အတွင်းကိုပဲ အရောင်းအဝယ်လုပ်ခွင့်ရှိမှာဖြစ်ပြီး 1 ရက်နေ့က 2 ရက်နေ့အတွင်းမှာ 300%၊ 2 ရက်နေ့ကနေ 3 ရက်နေ့အတွင်းမှာတော့ 400% အရောင်းအဝယ်လုပ်လို့ရနိုင်မှာပါ။ 3 ရက်နေ့ ညနေ 4 နာရီခွဲနောက်ပိုင်းမှာတော့ ဈေးကို ကြိုက်သလို အရောင်းအဝယ်လုပ်လို့ရနိုင်တော့မှာဖြစ်ပြီး ဒီကန့်သတ်ချက်တွေဟာ ဈေးကစားတာမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် အစမ်းသဘောမျိုး ထည့်သွင်းလာတာဖြစ်နိုင်ပါတယ်။
.
လောလောဆယ်မှာတော့ RED တွေကို farm လို့ရနိုင်သလောက် farm ထားသင့်ပြီး RED များများရလေ၊ ကောင်းလေပါပဲ။
Binance Burmese Telegram Link
https://t.me/+juOPBQj_11tiZjg1