Binance ရဲ့ Launchpool ကတော့ တခါထပ်ရောက် လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ 69 ခုမြောက် Launchpool အဖြစ် Space and Time (SXT) ကို မိတ်ဆက်လာတာဖြစ်ပါတယ်။ Binance Launchpool ဆိုတာက Token အသစ်တွေကို Binance မှာ List မလုပ်ခင် User တွေအတွက် Reward ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
Binance Launchpool မှာ BNB, FDUSD, USDC ဆိုတဲ့ Token 3 မျိုးကို အသုံးပြုပြီး Farming လုပ်လို့ရနိုင်မှာပါ။ SXT ရဲ့ Total Token Supply က 5 B ရှိမှာ။ Max Supply လည်း 5 B ပါပဲ။ ဒီထဲက 2.5% ဖြစ်တဲ့ 125 Million ကို Binance ရဲ့ Launchpool ကနေတဆင့် Reward ပေးသွားမှာဖြစ်ပါတယ်။ ရရှိတဲ့ 2.5% ကို BNB, FDUSD, နဲ့ USDC တို့အတွက် ပြန်ခွဲထားပါ သေးတယ်။ BNB နဲ့ Farming လုပ်တဲ့သူ တွေက 85%, FDUSD က 5% နဲ့ USDC က 10% အသီးသီးရရှိမှာပါ။
Space and Time ကတော့ Decentralized Web3 Data Platform တစ်ခုဖြစ်ပါတယ်။ ZK Proofs ကိုသုံးထားပြီးတော့ on chain ရော off chain ရောကို လုံခြုံစွာ smart contract တွေနဲ့ Interact လုပ်နိုင်မှာပါ။ SXT token ကို Staking တွေ၊ network လုံခြုံရေးအတွက်၊ Validator တွေအတွက် Reward ပြန်ပေးဖို့ဆိုမျိုး တွေ အသုံးပြုသွားနိုင်မှာပါ။ အခုလက်ရှိ အသုံးများတဲ့ Database တွေနဲ့ Blockchain တွေကြားက Gab ကွာခြားမှုတွေကို ပေါင်းကူး ပေးသွားမယ့် Project တစ်ခုဖြစ်ပါတယ်။
Launchpool မှာပါဝင်ဖို့အတွက် -
*Binance Account ကို Login ဝင်ပါ
*Home page ထဲက More ကို နှိပ်ပါ
*Launchpool Icon လေးကိုရှာပါ
*ကိုယ်ကြိုက်ရာ Pool ကိုရွေးပြီး Token ထည့် Lock လုပ်လိုက်ရုံပါပဲ
ဒီနေရာမှာ BNB သမားတွေကတော့ အခုလို တကူးတကသွားထည့်စရာမလိုပါဘူး။ Simple Earn ထဲမှာ Flexible ပဲဖြစ်ဖြစ်၊ Lock ပဲဖြစ်ဖြစ် လုပ်ထားရုံနဲ့ Launchpool Reward တွေ ရနိုင်မှာဖြစ်ပါတယ်။
အချိန် ၂ ရက်သာရတာဖြစ်ပါတယ်။ ပါဝင်ဖို့ စဉ်းစားထားရင် နောက်မကျ သေးခင်မှာ ပါဝင်ပြီး Reward တွေရကြပါစေ။