တစ်ယောက်ယောက်.. တစ်ယောက်ယောက် ကောက်ရင်ကောက်, မကောက်ရင် မြို့တော်စည်ပင်အဖွဲ့ ဒါမှမဟုတ် ပရဟိတအဖွဲ့ တဖွဲ့ဖွဲ့က ကောက်မှာပါပဲ.. ဒီလို အတွေးနဲ့ ကျော်ခဲ့တာတွေ, ဒီလိုနဲ့ အမှိုက်ချသူတွေ တစတစ ပေါများလာခဲ့ပါတယ်...
🌟 အဲဒီတစ်ယောက်က ကျွန်တော်ဖြစ်ရမယ်..
ကျွန်တော် နေ့စဉ် ဖြတ်သန်းနေတဲ့လမ်းမှာ အမှိုက်တွေကို မြင်နေရပေမယ့် တခါတလေ ကိုယ်နဲ့မဆိုင်သလို ကျော်သွားမိတတ်ပါတယ်..
ဒီနေ့တော့ အတိတ်က အရိပ်တစ်ခုကို ပြန်မြင်လာခဲ့တယ်..
ကျွန်တော် ကျောင်းသားဘဝက ကျွန်တော် မချထားတဲ့ အမှိုက်တစကြောင့် အပြစ်ပေးခံရဖူးတယ်.. ကျွန်တော်နဲ့ မဆိုင်ခဲ့တဲ့ အမှိုက်တစ်စကြောင့်.. အဲဒီနောက်ပိုင်း တစ်ယောက်ယောက်က ကျွန်တော်ဖြစ်လာဖို့ ကြိုးစားနေထိုင်ခဲ့ပါတယ်..
💛 Binance နဲ့အတူ တစ်စ ကနေ စတင်ခြင်း
ဒီနှစ် World Clean Up Day မှာ Binance နဲ့အတူ ပါဝင်ရင်း ကျွန်တော်နေထိုင်တဲ့ပတ်ဝန်းကျင်အတွက် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ တတ်နိုင်သလောက် လုပ်ဆောင်ဖြစ်လာပါတယ်..
ကျွန်တော်တို့ ပတ်ဝန်းကျင် ကျွန်တော်တို့ လုပ်ငန်းခွင်တွေ သန့်နေမှ ကျွန်တော်တို့ စိတ်ကြည်လင်မယ်.. အတွေးအခေါ်ကောင်းတွေ ပွင့်လန်းလာမယ်.. Trading အတွက်လည်း စိတ်ကြည်လင်လန်းဆန်းနေဖို့က အဓိကပဲ မဟုတ်လားဗျာ?
🌍 ကျွန်တော်လိုချင်တဲ့ ပတ်ဝန်းကျင်
အမှိုက်ကင်းပြီး သန့်ရှင်းတဲ့လမ်းတွေ, စိမ်းလန်းတဲ့နေရာတွေ, လူတိုင်း စိတ်ချမ်းသာစွာ နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုပါ..
အဲ့ဒီလိုနေရာမျိုး ဖြစ်လာဖို့ ကြီးမားတဲ့အရာတစ်ခုကို စောင့်နေစရာမလိုပါဘူး.. ကိုယ်တတ်နိုင်တဲ့နေရာကနေ စလို့ရပါတယ်..
🤝 ဒီနေ့ ကိုယ် စမယ်၊ မနက်ဖြန် အားလုံးအတူ စကြမယ်...
အမှိုက်တစ်စကို ကောက်လိုက်တာနဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး.. ဒါပေမယ့် ပြောင်းလဲမှုတစ်ခုရဲ့အစက ကိုယ်တိုင်ဖြစ်နိုင်တယ် ဆိုတာတော့ ခံစားမိစေပါတယ်..🌿
ဒါပေမယ့် လူတစ်ယောက်ပြီးတစ်ယောက် ပါဝင်လာရင် ပိုသန့်ရှင်းပြီး ပိုကောင်းတဲ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်.. ပိုကောင်းတဲ့ အသိုင်းအဝိုင်းတွေ စုမိလာတဲ့အခါ ပိုကောင်းတဲ့ ကမ္ဘာမြေကြီးဖြစ်လာမယ်✨
🌱 တစ်စ ကနေ စ ကြရအောင်...
🌍 ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင် ပိုကောင်းအောင်လုပ်ကြရအောင်... အားလုံးအတူ ပါဝင်ကြရအောင်...
သန့်ရှင်းစိမ်းလန်းတဲ့ ပတ်ဝန်းကျင်နဲ့အတူ market လည်း စိမ်းလန်းပါစေ🍀📈 စိတ်ကြည်လင်လန်းဆန်းစွာနဲ့ Trade တိုင်း အောင်မြင်ပါစေ🌟
#CleanUpDayWithBinance #Binance #BinanceBurmeseCommunity